Movie Name
The Fall Of The House Of Usher (2023)
Year
2022
Generes
Drama, Horror
Code
SE0363
Type
Series
Size
2 GB
Country
Hollywood
Description
1-8 Completed The Fall of the House of Usher (2023) =========================== IMDb Rating – 8.1/10 လောလောဆယ်တော့ IMDb 8.1 နဲ့ RT 94% တို့နဲ့ ပွဲဦးထွက်ထားပြီး Edger Allan Poe .. ရဲ့ The Fall of the House of Usher ဝတ္ထုတိုနဲ့ သူ့ရဲ့ တခြားသော ဇာတ်လမ်းတွေကို မှီငြိမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပါတယ်။ နာမည်ရ horror ဇာတ်လမ်းတွေ ဖြစ်တဲ့ The Haunting of Hill House, The Haunting of Bly Manor, The Midnight Club, Midnight Mass တို့ရဲ့ ဖန်ဆင်းရှင် Mike Flanagan ရဲ့ နောက်ထပ် လက် ရာတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဖော်ကျူနာတို ဆေးဝါးလုပ်ငန်းရှင် စီအီးအိုဖြစ်သူ ရောဒရစ် အက်ရှာရဲ့ သားသမီးတွေ ဈာပနာနဲ့ အစပျိုးထားတယ်။ ရောဒရစ်ဟာ နှစ်ပတ် တာဆိုတဲ့ အချိန်အတွင်းမှာ သူ့ရဲ့ သားသမီးခြောက်ယောက်လုံးကို ဆုံးရှုံးလိုက် ရတယ်။ ဘာကြောင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကတော့ ပဟေဠိတစ်ပုဒ်ပါ။ သားသမီးတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ရောဒရစ်ဟာ သူ့ရဲ့ လုပ်ရပ်တွေကို ဝန်ခံဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဒူပင်ဆိုတဲ့ ရှေ့နေကို သူ့ရဲ့ ငယ်ဘဝက ကြီးပြင်းခဲ့ရာ အိမ်ကို ဖိတ်ခေါ်ကာ အကြောင်းစုံကို ရှင်းပြရာကစလို့ အက်ရှာအိမ်တော်ကျဆုံး ခန်းကြီး ရုပ်လုံးပေါ်လာပါတော့တယ်။ ပဟေဠိဆန်တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ အတိတ်ကို တစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ကူးချီသန်းချီ ဇာတ်ကြောင်းပြောတဲ့ စီးရီးဖြစ်လို့ ဇာတ်လမ်းကို ကိုယ်တိုင် မြည်းစမ်းလိုက်တာက အကောင်းဆုံးပါပဲ …