Movie Name
Yellow Jackets (2021)
Year
2023
Generes
Drama, Horror
Code
SE0365
Type
Series
Size
3.60 GB
Country
Hollywood
Description
1-10 Completed IMDB – 7.9/10, Rotten Tomatoes – 100% ရရှိထားတဲ့ ၂၀၂၁ခုနှစ်ထွက် Yellowjackets ဆိုတဲ့ Mystery/Thriller Series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်.. လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်.. ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့… အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်.. ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်.. မနည်းမေ့ဖျောက်ထားရတဲ့ အိပ်မက်ဆိုးကြီးကို နိုးထစေခဲ့တာက ဘယ်သူလဲ.. သူတို့တွေထဲက တစ်ယောက်ပဲလား.. အဲဒီလူကရော ဘာရည်ရွယ်ချက်နဲ့များ သူတို့ကိုလှုံ့ဆော်ခဲ့တာလဲ.. သူတို့တွေကရော ဘယ်လိုများကြုံတွေ့ခဲ့ရလို့ အချင်းချင်းမဆက်သွယ်ဘဲ လူထုကိုလည်း အမှန်အတိုင်း ပေးမသိခဲ့တာလဲ.. တောကြီးမျက်မည်းထဲမှာ သူတို့တွေ အသက်ရှင်ကျန်နေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. ဆိုတာကိုတော့ သည်းထိပ်ရင်ဖို အတိတ်နဲ့ပစ္စပ္ပုန်ကို အခါခါကူးရင်း စီးမျောခံစားကြည့်လိုက်ကြပါလို့.. Season 2 လည်း coming soon မို့ Season 1ကိုအရင် ကြိုမြည်းထားလိုက်ပါဦးနော်.. (သွေးထွက်သံယိုနဲ့ သည်းထိပ်ရင်ဖိုအခန်းတွေပါတာမို့ အသည်းငယ်တတ်သူများ မကြည့်သင့်ပါ..) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)