-
Movie Name
-
Hot Skull (2023)
-
Year
-
2023
-
Generes
-
Adventure, Drama
-
Code
-
SE0366
-
Type
-
Series
-
Size
-
2 GB
-
Country
-
Hollywood
-
Description
-
1-8 Completed
Hot Skull (2022)
=============
IMDb Rating – 7.3/10
ကမ္ဘာကြီးပျက်စီးသွားပြီးတဲ့နောက် ကာလတွေကိုအခြေခံထားတဲ့
ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကိုအများကြီးမြင်ခဲ့ရဖူးပါပြီ။ နျူက
လီးယားဘေး စစ်မက်ဘေးကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ သဘာဝ
ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ ဖုတ်ကောင်ကပ် ရောဂါ
ကပ်ကြောင့်ပျက်စီးသွားရတဲ့ ကမ္ဘာစသဖြင့်ပေါ့လေ၊ ဒီဇာတ်ကားကလဲ
အဲ့ဒါမျိုးတွေနဲ့ဆင်တူ ကပ်ရောဂါတစ်ခုရဲ့ဒဏ်ကြောင့် ပျက်စီးလုနီးပါး
ဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ကာလတစ်ခုကိုအခြေခံပါတယ်။
လွန်ခဲ့တဲ့ရှစ်နှစ်ကစတင်လာခဲ့တဲ့ ကပ်ရောဂါတစ်ခုဟာ ကမ္ဘာကြီးရဲ့ပုံမှန်
အခြေအနေတွေကိုတိုက်စားဖြိုဖျက်ပစ်ခဲ့ပါတယ်။ ရောဂါကတော့ စကား
ပြောရာကနေကူးစက်တာဖြစ်ပြီး ကူးစက်ခံရသူတွေဟာ ပုံမှန်အသိစိတ်
ပျောက်သွားပြီး ပါးစပ်ကနေ ဗလုံးဗထွေး အဓိပ္ပါယ်မဲ့စကားတွေစပြောပါ
တော့တယ်။ အဲ့ဒီရောဂါကိုကာကွယ်ဖို့အတွက် လူတွေဟာနားကြပ်တွေ
အမြဲတပ်ထားပြီး နေထိုင်သွားလာကြရပါတယ်။အစပိုင်းမှာတော့ လူတွေဟာ
တစ်ချိန်မှာ ဒီရောဂါကိုတိုက်ဖျက်နိုင်မယ်၊ ကာကွယ်ဆေးရှာတွေ့နိုင်မယ်လို့
မျှော်လင့်ခဲ့ကြပေမဲ့၊ ကာလကြာချိန်မှာတော့ အသားကျအောင်ကြိုးစားနေထိုင်
ကြရတဲ့အခြေအနေပါဖြစ်လာခဲ့ပါတယ်။
အဲ့ဒီရောဂါကိုတိုက်ဖျက်ဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ AEI အဖွဲ့ကလဲအင်အားကြီး
ထွားလာပြီးတော့ လူတွေကိုအကြမ်းဖက်အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့
အနေအထားကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီလိုမတရားလုပ်ရပ်တွေကို ဆန့်ကျင်ဖို့
အတွက်လဲ Plus 1 ဆိုတဲ့အဖွဲ့တစ်ဖွဲ့လည်းပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ
ဒီရောဂါကိုပြီးနေတဲ့ မူရတ်ဆိုတဲ့လူတစ်ယောက်ရှိကြောင်းကိုနှစ်ဘက်လုံးက
သိရှိသွားပြီး အားပြိုင်မှုတွေဖြစ်ပေါ်လာပါတော့တယ်။
IMDb Rating 7.3/10၊ RT 88% တို့ကိုရရှိထားတဲ့အပြင် production value
အမိုက်စားတွေ၊ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲဆောင်ခေါ်ယူသွားမယ့်ဇာတ်အိမ် ကောင်း
ကောင်း၊ သရုပ်ဆောင်တွေကြားကအချိတ်အဆက်မိတဲ့ chemistry နဲ့ပီပြင်မှုတွေ၊
တစ်ဖွဲ့နဲ့တစ်ဖွဲ့အားပြိုင်ဉာဏ်ကစားမှုတွေ လှည့်ကွက်တွေကြောင့် Natural disaster
/dystopian films ပရိသတ်တွေအတွက်လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းကောင်း
တစ်ခုဖြစ်ပါတယ်။