Movie Name
Hotel Rwanda (2004)
Year
2004
Generes
Biography, Drama, Historical
Code
00639
Type
Movie
Size
849 MB
Country
Hollywood
Description
ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းက ရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့ သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီး အသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်း နည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။ Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကို လူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့ အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းက အခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါ မုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့ Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက် အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲ ရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်… 1990 လို ဆက်သွယ်ရေးစနစ်တွေ လျင်မြန်နေပြီဖြစ်တဲ့ ခေတ်ကြီးထဲမှာ တစ်ကမ္ဘာလုံးက သတိမထားမိအောင်ကို Hutu လက်နက်ကိုင်တွေနဲ့ Hutu တပ်မတော်တို့ ပိပိရိရိယုတ်မာခဲ့ကြတာပါ။ ၃ လအတွင်းမှာ လူပေါင်း ၁ သန်းနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးမှာ Mille Collines ဟိုတယ်ရဲ့ မန်နေဂျာဖြစ်သူ ပေါလ်ရူဆာဘာဂီနာဟာ Hutu နဲ့ Tusti ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော်ကို ဘယ်လိုကယ်ဆယ်မလဲ၊ သူ့ရဲ့ မိသားစုဝင်တွေကိုရော အသက်ဘေးက လွတ်စေဖို့ ဘယ်လိုတွေ လုပ်မလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ပဲဖြစ်ပါတယ်။ အားပေးကြပါဦး။) ဒီကားေလးက IMDB 8.1/10 ရရွိထားျပီး 1990 ကာလပိုင္းက ရ၀မ္ဒါႏိုင္ငံမွာ အမွန္တကယ္ ျဖစ္ပြားခဲ့တဲ႔ လူသားမ်ိဳးႏြယ္ရဲ႕ အဆိုးရြားဆံုးလို႔ သတ္မွတ္ခံထားရတဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မွဳၾကီးတစ္ခုကုိ အေျခခံထားတဲ႔ ျဖစ္ရပ္မွန္ Historical Drama ဇာတ္ကားေကာင္းေလးတစ္ကား ျဖစ္ပါတယ္။ စက္ဆုပ္ရြ႔႕ံရွာဖြယ္ေကာင္းတဲ႔ လူသားမဆန္မွဳေတြကုိၾကည့္ျပီး အသိတရား ရရွိေစမယ့္ ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။ ဇာတ္လမ္းမၾကည့္ခင္Rwanda ႏုိင္ငံရဲ႕ Hutu နဲ႔ Tusti ေတြအေၾကာင္း နည္းနည္းသိထားမွ ၾကည့္ရတာ ပိုအသက္၀င္ပါလိမ္႔မယ္။ Rwanda ႏိုင္ငံကို ဘယ္လ္ဂ်ီယံေတြအုပ္ခ်ုဳပ္စဥ္က Rwanda ႏိုင္ငံသားေတြကုိ လူမ်ိဳးႏွစ္စုခြဲခဲ့ပါတယ္။ ႏွာေခါင္းရွည္ရွည္နဲ႔ အသားျဖဴျဖဴ ရုပ္သန္႔သန္႔ေကာင္ေတြကုိ Tusti ေတြအျဖစ္ သတ္မွတ္ျပီးေတာ့ အုပ္ခ်ဳပ္ေရးပိုင္းမွာ အလုပ္ေတြခန္႔ျပီး ေနရာေပးခဲ့ပါတယ္။အဲဒီကတည္းက အခြဲျခားခံ Hutu ေတြဟာ ဘယ္လ္ဂ်ီယံအစိုးရနဲ႔တစ္ပါတည္း Tusti ေတြကုိပါ မုန္းတီးစိတ္၀င္သြားၾကတာပါ။ ဘယ္လ္ဂ်ီယံေတြ အာဏာျပန္လႊဲခ်ိန္က်ေတာ့ Hutu ေတြဆီ အာဏာလႊဲအပ္လိုက္ရတာနဲ႔ ေခတ္အဆက္ဆက္ အဖိႏွိပ္ခံ Hutu ေတြဟာ Tusti ေတြကုိ အခဲမေက်ဘဲ ရက္ရက္စက္စက္ လက္စားေခ်ဖို႔ လုပ္ၾကတာျဖစ္ပါတယ္… 1990 လို ဆက္သြယ္ေရးစနစ္ေတြ လ်င္ျမန္ေနျပီျဖစ္တဲ႔ ေခတ္ၾကီးထဲမွာ တစ္ကမၻာလံုးက သတိမထားမိေအာင္ကုိ Hutu လက္နက္ကိုင္ေတြနဲ႔ Hutu တပ္မေတာ္တို႔ ပိပိရိရိယုတ္မာခဲ့ၾကတာပါ။ ၃ လအတြင္းမွာ လူေပါင္း ၁ သန္းနီးပါးကုိ ရက္ရက္စက္စက္သတ္ျဖတ္ခဲ့ၾကပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ ဒီေၾကာက္မက္ဖြယ္ရာ လူသတ္ပြဲၾကီးမွာ Mille Collines ဟိုတယ္ရဲ႔ မန္ေနဂ်ာျဖစ္သူ ေပါလ္ရူဆာဘာဂီနာဟာ Hutu နဲ႔ Tusti ဒုကၡသည္ေပါင္း ၁၀၀၀ ေက်ာ္ကုိ ဘယ္လိုကယ္ဆယ္မလဲ၊ သူ႔ရဲ႕ မိသားစု၀င္ေတြကိုေရာ အသက္ေဘးက လြတ္ေစဖို႔ ဘယ္လိုေတြ လုပ္မလဲဆိုတာကုိ ရင္တစ္ထိတ္ထိတ္နဲ႔ ၾကည့္ရွဳရမယ့္ ဇာတ္ကားေကာင္း တစ္ကားျဖစ္ပါတယ္။ (ဒီဇာတ္ကားရဲ႕အညႊန္းနဲ႕ဘာသာျပန္ေရးသားေပးသူကေတာ့ ညီေလး Sherlock ပဲျဖစ္ပါတယ္။ အားေပးၾကပါဦး။)