-
Movie Name
-
96 (2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
IND0932
-
Type
-
Movie
-
Size
-
1.02 GB
-
Country
-
Bollywood
-
Description
-
96 (2018)
” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။
ခင်ခင်ပျိုရေ …..
ငါ စောင့်ခဲ့တယ် ။ ။
#အောင်ချိမ့်
အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။
ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။
လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။
မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။
အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။
ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့
လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။
အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ
အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး
ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ ….
“ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။
အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့်
တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေအောင် ခံစားကြရမှာပါပဲ။
၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့
နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ
အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။
တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။
အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။