-
Movie Name
-
Afwaah (2023)
-
Year
-
2023
-
Generes
-
Drama, Thriller
-
Code
-
IND0935
-
Type
-
Movie
-
Size
-
795 MB
-
Country
-
Bollywood
-
Description
-
Afwaah (2023)
*********************
IMDb-5.2/10
Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး
အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်
သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ
ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ
အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။
ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်း
ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့
လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက
မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့
နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။
အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင်
နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ
လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့
နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။