Movie Name
Sharktopus (2023)
Year
2023
Generes
Action, Horror, Thriller
Code
EN3462
Type
Movie
Size
746 MB
Country
Hollywood
Description
တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ…