-
Movie Name
-
Jack O Frost (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
SJP0036
-
Type
-
Series
-
Size
-
887 MB
-
Country
-
Japan
-
Description
-
1-6 Completed
ကော်ဖီဆိုင်တစ်ခုမှာ တွေ့ခဲ့ရာကနေ အစပြုပြီး OKUSAWA RITSU နဲ့ ဝန်ထမ်းကောင်လေး IKEGAMI FUMIYA တို့က မိတ်ဆွေဆက်ဆံရေးကနေတစ်ဆင့် တဖြည်းဖြည်းအဆင့်တက်လာကြပြီး ချစ်သူစုံတွဲဆက်ဆံရေးအထိ ဖြစ်လာခဲ့ကြတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးလေးက အချိန်တွေကြာလာတဲ့အချိန်မှာတော့ တစ်စတစ်စနဲ့ ချို့ယွင်းလာခဲ့တယ်။
ဘယ်အရာကိုမဆို အလေးမထားတတ်တဲ့ RITSU ရဲ့ အကျင့်ကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ များလာခဲ့တယ်။
ဒီလိုနဲ့ အဆင်မပြေမှုတွေကြောင့် ရန်ဖြစ်ရာကနေ RITSU တစ်ယောက် အိမ်ကနေထွက်လာခဲ့ရာက မတော်တဆမှုဖြစ်ကာ ဆေးရုံကိုရောက်သွားခဲ့တယ်။
မတော်တဆမှုရဲ့ ရလာဒ်အနေနဲ့ RITSU ဟာ မှတ်ဉာဏ်တစ်ချို့ကို ဆုံးရှုံးသွားခဲ့ရပြီး FUMIYA နဲ့ ပတ်သက်တဲ့ သူတို့နှစ်ယောက်အကြောင်းတွေကိုပါ မေ့သွားခဲ့တယ်။
ဒီအခွင့်အရေးကိုအသုံးချပြီး FUMIYA က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသစ်တစ်ဖန်ပြန်စဖို့အတွက် အရင်ကအကြောင်းတွေကို ပြန်မပြောဖို့ဘဲ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့လည်း အတိတ်ကို ပြန်မှတ်မိချင်နေတဲ့ RITSU ကတော့ သူ့မှတ်ဉာဏ်တွေ ပြန်ရနိုင်ဖို့အတွက် သူ့အတွက် အမှတ်တရဖြစ်နိုင်မဲ့နေရာတွေကို လိုက်ပို့ခိုင်းတယ်။
FUMIYA က အဲ့လိုလုပ်ပေးဖို့ စိတ်ကူးမရှိခဲ့ပေမဲ့လည်း RITSU ရဲ့တောင်းဆိုမှုအရ သူတို့နှစ်ယောက်စတွေ့ခဲ့တဲ့ ကော်ဖီဆိုင် သူတို့အတူ သွားခဲ့ဖူးတဲ့နေရာတွေကို လိုက်ပို့ပေးခဲ့တယ်။
မှတ်ဉာဏ်တွေပျောက်ဆုံးနေပေမဲ့လည်း နှလုံးသားရဲ့ဆန္ဒအရ RITSU က FUMIYA ကို နောက်တစ်ကြိမ် ချစ်မိသွားပြန်တယ်။
RITSU တစ်ယောက် နှလုံးသားရဲ့ စေခိုင်းမှုကြောင့် FUMIYA နဲ့ ချစ်သူစုံတွဲဆက်ဆံရေးအတိုင်းပဲ ရှေ့ဆက်သွားမလား။
မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အချိန်မှာရော သူတို့ရဲ့အဆင်မပြေမှုတွေကြောင့် ဒီဆက်ဆံရေးကို ရပ်တန့်ပြစ်လိုက်ကြမလားဆိုတာကိုတော့ BLSFLIX က တင်ဆက်ပေးမဲ့ JACK O'FROST ဆိုတဲ့ ဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။