-
Movie Name
-
End Of The World With You (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
SJP0038
-
Type
-
Series
-
Size
-
1.63 GB
-
Country
-
Japan
-
Description
-
1-8 Completed
ဇာတ်ညွှန်း
ဒီတစ်ခါတော့ Senpai , THIS CAN'T BE LOVE ဇာတ်ကားလေးထဲက ukeလေး TOSHIKI SETOကို နောက်ထပ်မြင်တွေ့ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်လုံးဟာ ကြွေကျလာတော့မှာပဲ ဖြစ်ပါတယ် ။ လူသားတွေအတွက် ကမ္ဘာမပျက်ဆီးခင် အသက်ရှင်နေထိုင်ဖို့ရာ ၁၀ရက်သာ ကျန်ပါတော့တယ်။
အသက်ရှင်ရမယ့် ရည်ရွယ်ချက်ပျောက်ဆုံးသွားတဲ့ ရုံးဝန်ထမ်း မာဆူမီ နီရှီနာဟာ သူ့ရဲ့မိခင်တက္ကသိုလ်ကစာကြည့်တိုက်ဆီ အလည်သွားခဲ့ပါတယ်။အဲ့မှာသူ့ကိုအတိတ်က နာကျင်စရာတွေပေးခဲ့ဖူးတဲ့ ရစ်စု ခူစခဘဲနဲ့ ပြန်လည်ဆုံတွေ့ပါတော့တယ်။
အတိတ်မှာတုန်းက မာဆူမီဟာ သူနဲ့အသင်းတူတဲ့ ရစ်စုကို သဘောကျခဲ့မိပါတယ်။ဒီလိုနဲ့သူတို့ကြား ထူးခြားတဲ့ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့ပေမယ့် ရစ်စုကသူ့ကိုသစ္စာဖောက်ပြီး ထားသွားခဲ့တာပါ။ အဲ့ကစပြီး ရစ်စုဟာ မာဆူမီလုံးဝထပ်မတွေ့ချင်တော့တဲ့ ယောက်ျားတစ်ယောက် ဖြစ်သွားပါတော့တယ်။
ဒါပေမယ့်လည်း ရစ်စုက မာဆူမီကို သူတို့ရဲ့လက်ကျန်အချိန်လေးကို အတူနေထိုင်သွားချင်ကြောင်း ကမ်းလှမ်းလာပါတော့တယ်။ မာဆူမီကငြင်းလိုက်တဲ့အချိန်မှာပဲ ရစ်စုက သူ့ကိုမြန်မြန်သေစေနိုင်တဲ့ဆေးကို ထုတ်ပြလာတယ်။
အဲ့အတွက် မာဆူမီက လက်ခံလိုက်ရတဲ့အခါ အဲ့ညကနေစ မာဆူမီနဲ့ ရစ်စုတို့က နောက်ထပ် နေထွက်လာတာ မမြင်ရတော့မယ့် ကမ္ဘာပျက်ဆီးသွားမယ့်နေ့အထိ ကျောင်းသားတွေအနေနဲ့ ဖဖြတ်သန်းသွားဖို့ စီစဉ်ကြပါလေရော။အတိတ်ကို အလည်သွားချင်ကြတဲ့ သူတို့၂ယောက်ကြား ဘာတွေဖြစ်သွားနိုင်မလဲ?။ကမ္ဘာကြီးကရော တစ်ကယ်ပျက်မှာလား!။ ဘာတွေဖြစ်လာနိုင်သေးလဲ။ဒါကတော့ ရင်တစ်ထိတ်ထိတ်နဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်လေး၂ယောက်ကြားက ကမ္ဘာပျက်ကိန်းအတွင်း ပေါက်ဖွားလာမယ့် THE END OF THE WORLD WITH YOU ချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
THE END OF THE WORLD WITH YOUရဲ့ အဓိကဇာတ်ကျောဖြစ်တဲ့ ဥက္ကာခဲကြွေမှာမို့ အသက်ရှင်နေထိုင်ဖို့ ရရက်သိပ်မလိုတော့တဲ့ဇာတ်လမ်းမျိုးကို ထိုင်းနဲ့ဖိလစ်ပိုင်တို့ကလည်း ရိုက်ကူးထားဖူးပါတယ်။ဒီတစ်ခါရော ဂျပန်တွေက ဘယ်လိုလက်စွမ်းပြထားမလဲ။ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း မထိတထိလေးတွေရိုပြီး အသည်းတစ်ယားယားဖြစ်အောင်ပဲ လုပ်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ