-
Movie Name
-
Good Bad Girl (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SIND0050
-
Type
-
Series
-
Size
-
2.16 GB
-
Country
-
Bollywood
-
Description
-
ood Bad Girl 2022
6.3/10 IMDb
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့
အိန္ဒိယစီးရီးအသစ်လေးတစ်ခုပါ….
လူ့ဘဝဆိုတာ ရှင်သန်ဖို့လွယ်ကူလား ခက်ခဲလား…
ခက်ခဲတယ်လို့ပဲလူတိုင်းကပြောကြမှာပါ…
ဒါဆိုဟုတ်ပြီ လူ့ဘဝကိုရုန်းကန်ရှင်သန်ဖို့အတွက်
ကိုယ်ကလူတွေအကြောင်းကိုနားလည်နေရမယ်
ပါးရည်နပ်ရည်ရှိရမယ်… ဒါတင်မဟုတ်သေးပါဘူး
အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး မီးစင်ကြည့်ကတတ်ရပါတယ်..
ဒါတွေအားလုံးကို ကိုယ်ဖြတ်သန်းရတဲ့ဘဝကပဲသင်ပေးသွားကြတာ ဟုတ်… ?
အခုဒီစီးရီးထဲမှာတော့ ရှေ့နေမလေး မာယားအဟူဂျား (Samridhi Dewan) ရဲ့
သူ့ဘဝကိုသူဘယ်လိုရှင်သန်အောင် ဉာဏ်သုံးလဲဆိုတာတွေ့ရမှာပါ…
သူက သူလိုချင်တာတစ်ခုကို ဘယ်နည်းလမ်းနဲ့မဆို မရ ရအောင်လုပ်တတ်တဲ့သူ။
ကလေးဘဝထဲက အမွှေစိန်မလေး…
ကောလိပ်ကျောင်းသူဘဝရောက်တော့လဲ ပိုက်ဆံကိုအိမ်ကသိပ်မတတ်နိုင်လို့
သူပိုက်ဆံဘယ်လိုရအောင်ရှာလဲဆိုတာ ဟာသလေးတွေနှောထားလို့ ရယ်မောကြရဦးမှာပါ…
ရှေ့နေတစ်ယောက်ဖြစ်လာတော့လဲ ရုံးမှာလုပ်ဖော်ကိုင်ဖက်တွေ..
ရှင်းဖို့ခက်တဲ့အမှုတွေကိုသူမရ ရအောင်ဘယ်လိုဖော်ထုတ်လဲဆိုတာတွေကိုတွေ့မြင်ရမှာပါ
ဘယ်လိုပဲတစ်ကိုယ်ကောင်းဆန်တယ် မိန်းမဆိုးလေးတစ်ယောက်ပါလို့ပဲသတ်မှတ်သတ်မှတ်
သူ့အနေနဲ့တော့ဒါဟာ သူ့ဘဝကိုသူSurviveလုပ်တာပါပဲ။ သူ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းလဲ
သူ့ဘဝကိုဘယ်လိုကြိုးစားရှင်သန်လဲ သူလိုချင်တဲ့အရာကိုဘယ်လိုမရရအောင်ယူလဲ ဆိုတာကို
ရသစုံအောင်ဖန်တီးရိုက်ကူးထားတာမို့ ပရိသတ်ကြီးကပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး…