-
Movie Name
-
The Royal Hotel (2023)
-
Year
-
2023
-
Generes
-
Drama, Thriller
-
Code
-
EN3468
-
Type
-
Movie
-
Size
-
572 MB
-
Country
-
Hollywood
-
Description
-
IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါ
ဇာတ်လမ်းအကျဉ်း…..
လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါ
တစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ်
အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။
တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ…