Movie Name
Five Nights At Freddys (2023)
Year
2023
Generes
Horror, Thriller
Code
AN0638
Type
Movie
Size
541 MB
Country
Hollywood
Description
Five Nights at Freddy’s (2023) ====================== ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy’s ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့် ပါပဲ။ သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီ ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့ နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိ ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ… ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ် သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်း စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက် သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။