Movie Name
LEO (2023)
Year
2023
Generes
Action
Code
IND0943
Type
Movie
Size
1.57 GB
Country
Bollywood
Description
Leo (2023) “လီယို” IMDB-7.9/10 King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ ကြည့်ပျော်လောက်မယ့် ရုပ်ထွက်တခုနဲ့ အကြည်ဗားရှင်းထွက်လာခဲ့ပါပြီ… သို့ပေမဲ့ E Sub ဗားရှင်းအသေထိုးထားတဲ့ HS Versionဆိုတာတော့ သတိပြုစေချင်ပါတယ်… LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj’s Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်း မြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။ လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။