Movie Name
Just Fiancee (မောင့်သတို့သမီး) (2022)
Year
2022
Generes
Comedy, Romance
Code
SC0705
Type
Series
Size
2.40 GB
Country
China
Description
Mini Series 1-22 Completed လွဲလွဲလေးနဲ့ Ro မယ် ဥက္ကဋ္ဌကြီး စူးယွီ ရယ် ရှင်ပဲ အမျိုးမျိုး Ro ပြီး ကျမ တို့ကို ခွီးခိုင်နေလိုက်😅 ဇာတ်လမ်းအကျဥ်း 👇👇 Hello!Five Daffodils Fansလေးတွေကိုကားကောင်းလေးတွေတင်ဆက်ပေးလျက်ရှိရာမှ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ အချစ်ချိုချို အပိုင်းတိုတိုနဲ့ ရိုလည်းရို ကြည့်ရလည်းကောင်းတဲ့ (မောင့်သတို့သမီး) ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် အပိုင်းတိုပေမယ့် မကောင်းမှာတော့မပူပါနဲ့ တထိုင်တည်းနဲ့ကိုအစအဆုံးကြည့်ချင်သွားလောက်အောင်ထိ သင့်ကိုဆွဲခေါ်သွားပါလိမ့်မယ် ဘာလို့လဲဆိုတော့ ကျွန်တော်မောင်လူချောလေးက ဘာသာပြန်ထားတာမို့လေ (😂စတာ) ကဲ ဇာတ်ညွန်းလေးကိုသွားလိုက်ကြရအောင် အညွှန်း Max အုပ်စုရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့ စူးယွီ ဟာ သူ့အဘိုးနဲ့အတူနေထိုင်ပြီး ကုမ္ပဏီကိုအုပ်ချုပ်နေတဲ့သူပါ တစ်နေ့ သူ့အဘိုးရဲ့အတင်းခိုင်းစေမှုကြောင့် ကု မိသားစုရဲ့သမီးဖြစ်သူ ကု မန့်မန့် နဲ့စေ့စပ်ပွဲလုပ်ခဲ့ရပါတယ် ကုမန့်မန့် ကိုသဘောမကျပေမယ့်လည်း သူ့အဘိုးရဲ့စကားကိုမလွန်ဆန်ရဲလို့ စူးယွီ က ကုမန့်မန့် နဲ့စေ့စပ်ခဲ့ရပါတယ် စေ့စပ်ပြီးတဲ့နေ့မှာပဲ ကုမန့်မန့် ဟာရုတ်တရက်ပျောက်သွားခဲ့ပါတယ် အဲ့အချိန်မှာပဲ စူးယွီ အဘိုးရဲ့ကျန်းမာရေးကဆိုးရွားလာပါတယ် စူးယွီ ကသူ့အဖိုးကိုခွဲစိတ်ကုသမှုခံယူစေချင်သော်လည်း ကုမန့်မန့် ကိုတွေ့မှခွဲစိတ်မယ်ဆိုတဲ့သူ့အဘိုးရဲ့စကားကြောင့် ကုမန့်မန့် ကိုမတွေ့တွေ့အောင်လိုက်ရှာရပါတော့တယ် တစ်နေ့မှာ မမျှော်လင့်ဘဲ ကုမန့်မန့် နဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့ ချောင်မိုင့် ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပါတယ် သူ့အဘိုးကိုခွဲစိတ်ကုသမှုခံယူစေချင်တာကြောင့် ချောင်မိုင့် ကို ကုမန့်မန့် အဖြစ်ဟန်ဆောင်ခိုင်းပြီး သူ့အဘိုးဆီခေါ်သွားဖို့ကြံရွယ်ပါတော့တယ် ချောင်မိုင့် ဟာ မွေးစားအမေနဲ့နေထိုင်ရတဲ့သူတစ်ယောက်ပါ သူဘယ်လောက်ပဲကောင်းပေးကောင်းပေး သူ့အမေကသူ့ကိုအမြင်မကြည်ပါဘူး တစ်နေ့မှာ သူ့အမေရဲ့အကြွေးတွေကြောင့် သူ့ရဲ့မွေးစားအဖေထားခဲ့တဲ့တိုက်ခန်းကိုရောင်းဖို့ဖြစ်လာခဲ့ပါတယ် သူ့အဖေရဲ့တိုက်ခန်းကိုမရောင်းချင်တဲ့ ချောင်မိုင့် ဟာ ပိုက်ဆံရဖို့အတွက် စူးယွီ ပြောတဲ့အတိုင်း ကုမန့်မန့် အဖြစ်ဟန်ဆောင်ပြီးနေဖို့အကြောင်းဖန်လာခဲ့ပါတော့တယ် ကဲ ဒီတော့ ကုမန့်မန့် အဖြစ်ဟန်ဆောင်ထားတဲ့ ချောင်မိုင့် က သူ့အဘိုးရှေ့မှာအလိမ်ပေါ်ပြီးနှင်ထုတ်ခံရမလား? ကုမန့်မန့် ကိုမချစ်မနှစ်သက်တဲ့ စူးယွီ ကရော ချောင်မိုင့် ကိုချစ်လာမှာလား? ပျောက်သွားတဲ့ ကုမန့်မန့် ကရော ရုတ်တရက်ပြန်ပေါ်လာမှာလား? စူးယွီ နဲ့ ချောင်မိုင့် ကရောအနေနီးပြီးချစ်ကြိုးသွယ်သွားကြမလား? ဆိုတာ "မောင့်သတို့သမီး" ဆိုတဲ့ဇာတ်ကားလေးမှာ အဖြေရှာကြည့်ကြရအောင်လားဗျာ..... တကားလုံးကို တစ်ယောက်ထဲတာဝန်ယူဘာသာပြန်တင်ဆက်ပေးမှာမို့လက်မလွှတ်စတမ်းအားပေးကြရအောင်