Movie Name
Daily Dose Of Sunshine (2023)
Year
2023
Generes
Drama
Code
SKR0919
Type
Series
Size
4.14 GB
Country
Korea
Description
အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး All of Us Are Dead” ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Lee Jae Kyu ရဲ့လက်ရာအသစ်ဖြစ်ပြီး “All of Us Are Dead” နဲ့မတူကွဲပြားပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် healing ဒရာမာလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့လည်း Park Bo Young, Yeon Woon Jin, Jang Dong Yoon နဲ့ Lee Jung Eun တို့က အဓိကပါဝင်သွားမှာဖြစ်သလို စုစုပေါင်းအပိုင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။ အရင်က ကိုယ်တွင်းအင်္ဂါကုဌာနမှာပဲလုပ်ခဲ့ဖူးတဲ့ သူနာပြုဆရာမလေး Jung Da Eun .. တစ်နေ့မှာတော့ မြောင်ရှင်းတက္ကသိုလ်ဆေးရုံက စိတ်ရောဂါကုဌာနဆီ ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ပ ထမဆုံးအတွေ့အကြုံလည်းဖြစ်သလို သာမန်ဝေဒနာရှင်တွေလိုမျိုး ကိုယ်ခံစားနေရတဲ့ဝေဒနာကို သေချာမပြောပြနိုင်ကြတဲ့လူနာတွေနဲ့ကြုံတွေ့လာရတဲ့အခါ ဘယ်လိုအလွဲတွေ အမွှေတွေဖြစ်ဦးမလဲ ..။ “အရိုးကျိုးရင် အရိုးအထူးကုဆီသွားပြကြပြီး အအေးမိရင် ဆေးသောက်လိုက်ကြပေမယ့် စိ တ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်တဲ့အခါမှာတော့ လူတော်တော်များများက ကိုယ့်ပင်ပန်းမှုတွေကိုထုတ်ပြောပြီး အကူအညီမတောင်းတတ်ကြသလို ဆေးကုသမှုခံယူဖို့လည်း သတိမရတတ်ကြပါဘူး။ တစ်စုံတစ်ယောက်ရဲ့အကူအညီကိုရယူတာက တကယ့်ကိုကောင်းမွန်တဲ့အရာဖြစ်ကြောင်းပြချင်လို့ ဒီကားလေးကိုရိုက်ကူးဖြစ်ခဲ့တာပါ” ဆိုတဲ့ ဒါရိုက်တာကြီးရဲ့ပြောစကားအရ စိတ်ဝေဒနာရှင်တွေကို ဖေးမကူညီပေးသွားကြမယ့် မြောင်ရှင်းတက္ကသိုလ် စိတ်ရောဂါကုဌာနကဆရာဝန်တွေ နဲ့ သူနာပြုတွေရဲ့နွေးထွေးကြင်နာမှုတွေကို တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။