-
Movie Name
-
Asih (2018)
-
Year
-
2018
-
Generes
-
Horror, Thriller
-
Code
-
OT0135
-
Type
-
Movie
-
Size
-
419 MB
-
Country
-
Others
-
Description
-
Asih (2018)
သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။
Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။
ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့
Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက
ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊
ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။
ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က
သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။
သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့
အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို
ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။