Movie Name
JOHN Q
Year
2002
Generes
Crime, Drama, Thriller
Code
00654
Type
Movie
Size
582 MB
Country
Hollywood
Description
John Q(2002) IMDb…7.1 JOHN Qဆိုတဲ့ဒီကားကို တကယ်တော့ အညွှန်းတောင်သိပ်လိုမယ်မထင်ပါဘူး… မိဘတို့ရဲ့ မေတ္တာကိုအပြည့်အဝဖော်ကျူးထားတဲ့ကားမို့ တစ်ခါကြည့်ဖူးရုံနဲ့ တော်တော်များများရဲ့နှလုံးသားကို အပြည့်အဝသိမ်းပိုက်ပြီး ထာဝရနီးပါးအမှတ်ရနေနိုင်တဲ့ကားဖြစ်ပါတယ်… ဇာတ်ကားကောင်းဖြစ်သည့်အပြင် ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel ကအဓိက သရုပ်ဆောင်ထားတော့ 1080P,720Pတို့ဖြင့် တင်ဆက်ပေးထားပါသည်….. မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအညွှန်းကိုတော့ အနည်းငယ်ပြောပြပါမည်… ဘဝက မွဲတေ၊ ဘဏ်ကတောင် ကားကို လာသိမ်းသွားတဲ့ အဖြစ်၊ အိမ်တောင်မှ ပေါင်ထားရပြီး ဘယ်နေ့ အသိမ်းခံရမယ် မသိ၊ အလုပ်ကလည်း Full time ကနေ Part time အဆင့်ကို လျော့ကျ၊ ဒီလောက်မွန်းကြပ်တဲ့ ဘဝထဲမှာမှ တစ်ဦးတည်းသော သားလေးက နှလုံးရောဂါနဲ့ နှလုံး အစားထိုးကုသမှ ရတော့မယ့် အဖြစ်၊ အာမခံကလည်း ဒီလောက်ထိတော့ အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ညစ်ပတ်… ဒီလိုအြခေအနေမျိုးမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ… ဒီလိုမွန်းကြပ်တဲ့ အခြေအနေဆိုးတွေကြားမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကြူးရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရိုက်ပြသွားတဲ့ Denzel Washinton ရဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတော့တယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်…