-
Movie Name
-
Tomb Keeper (2023)
-
Year
-
2023
-
Generes
-
Action, Horror
-
Code
-
CN0781
-
Type
-
Movie
-
Size
-
737 MB
-
Country
-
China
-
Description
-
ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့
အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။
ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာ
ရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲ
ရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။
ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့
ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီး
ဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။
အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) ,
မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။
မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲ
ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ…သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲက
ပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါ
CGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့
လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။
ဆိုတော့ ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့
ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်