-
Movie Name
-
Ley Luang ( မာယာနိဂုံး) (2021)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0840
-
Type
-
Series
-
Size
-
9 GB
-
Country
-
Thai
-
Description
-
1-12 Completed
အိုင်ရဒါ အဖြစ် Pooklook Fonthip
ချဝင် အဖြစ် Jes Jespipat
ဝီနက်စ် အဖြစ် Cheer Thikumporn
ဖင် အဖြစ် Bright
ဇာတ်လမ်းအကျဥ်း...
အွန်လိုင်းမှာအဝတ်အစားတွေရောင်းတဲ့ အိုင်ရဒါဟာ ချစ်စရာကောင်းပြီးတော့ အလုပ်ကြိုးစားတဲ့ ကောင်မလေးပါ။ ရည်းစားဖြစ်သူ အရောင်းဝန်ထမ်းလေး ဖင်နဲ့လည်း တစ်အိမ်ထဲ အတူတူနေကြပါတယ်။ ဒါပေမဲ့ အိမ်ငှားစရိတ်နဲ့ အသုံးအဆောင်စရိတ်တွေကြောင့် ငွေကြေးအဆင်မပြေကြပါဘူး။ ဖင်က အရောင်းဝန်ထမ်းဆိုပေမဲ့ ရုပ်ကလေးကရှိတော့ နာမည်ကြီးမင်းသားအနေနဲ့ ကြီးပွားအောင်မြင်အောင်လုပ်ဖို့ ရည်မှန်းချက်ရှိတဲ့သူပါ။
ကြီးပွားချင်နေတဲ့သူ့ကို တစ်ရက်မှာတော့ သူငယ်ချင်းတစ်ယောက်က ပိုက်ဆံလွယ်လွယ်ရပြီး ချမ်းသာအောင်လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုကို အကြံပေးလာပါတယ်။ ဒါပေမဲ့ အဲ့ဒီကုမ္ပဏီမှာ ရှယ်ယာဝင်ဖို့ဆိုရင် ဘတ်ငါးသိန်းအရင်ပေးဖို့လိုပါတယ်။ ဘတ်ငါးသိန်းပေးရင် ကုမ္ပဏီထုတ်ကုန်အတွက် ကြော်ငြာရိုက်ပေးရမှာဖြစ်သလို Leader အနေနဲ့ အမြတ်ငါးဆယ်ရာခိုင်နှုန်း ပြန်ရမှာပါ။ အဲ့ဒါနဲ့ ရည်းစား အိုင်ရဒါဆီကို ဘတ်ငါးသိန်း အရင်းနှီးတောင်းတော့ အဆင်မပြေတွေဖြစ်ပြီး စကားများကြပါတယ်။
အဲ့လိုမျိုး အိုင်ရဒါနဲ့စကားများနေချိန်မှာ နာမည်ကြီးသင်တန်းဆရာမ ဝီနက်စ်နဲ့တွေ့ကာ ရင်းနီးသွားကြပါတယ်။ ဝီနက်စ်နဲ့သာဆိုရင် သူ့အိမ်မက်တွေ အကောင်အထည်ဖော်နိုင်မှာသိတဲ့အတွက် အိုင်ရဒါနောက်ကွယ်မှာ ဝီနက်စ်နဲ့ဖောက်ပြန်လိုက်ပါတယ်။ အဲ့လိုနဲ့ အိုင်ရဒါနဲ့လမ်းခွဲပြီး သိပ်မကြာခင်မှာပဲ သူလိုချင်တဲ့အောင်မြင်ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ အထင်ကြီးလေးစားတဲ့ သင်တန်းဆရာမဝီနက်စ်ဟာ သူထင်ထားသလိုမဟုတ်ဘဲ ကြောက်စရာကောင်းတဲ့လူဖြစ်နေတဲ့အခါမှာတော့ ဆုပ်လည်းဆူးစားလည်းရူး ဖြစ်တော့တာပါပဲ။