Movie Name
The Princess Of Destiny (မောင့်စင်ဒရဲလား) (2023)
Year
2023
Generes
Drama, Romance
Code
SC0709
Type
Series
Size
2.92 GB
Country
China
Description
1-18 Completed မောင့်စင်ဒရဲလား (စ/ဆုံး) The Princess Of Destiny (2023) ရှေးပုံပြင်ထဲက ဖန်ဖိနပ်စီးတဲ့ စင်ဒရဲလားလေးအကြောင်းကို အားလုံးပဲ ကြားဖူးကြမှာပါ ဒီတော့ အခုတစ်ခါ တင်ဆက်ပေးမှာက ခေတ်သစ် စင်ဒရဲလား‌လေးနဲ့ မင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းဆိုရင်ရော စိတ်၀င်စားကြတယ်ဟုတ်...🤗 ဇာတ်လမ်းအညွှန်း တစ်ခါတုန်းက Qinghe အပန်းဖြေတံငါရွာလေးမှာ ဘ၀ကို လွတ်လပ်စွာဖြတ်သန်းနေတဲ့ Xia Yuဆိုတဲ့ မိန်းကလေးတစ်ယောက် ရှိသတဲ့ အများအပေါ် အနွံတာခံတတ်တဲ့ စင်ဒရဲလားလိုမိန်းကလေး Xia Yuဟာ တစ်ရက်မှာတော့ ငွေမက်တဲ့ခင်ပွန်းလောင်းရဲ့ စွန့်ပစ်ခြင်းကို ခံရရုံသာမက သူ့ရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စော်ကားခံခဲ့ရတယ် တစ်ဖက်မှာလည်း နာမည်ကျော် Jiangလုပ်ငန်းစုရဲ့ ဆက်ခံသူကိစ္စအတွက် အဘိုးစိတ်တိုင်းကျဖြစ်‌အောင် ယှဉ်ပြိုင်နေကြတဲ့ Jiang Muchenနဲ့ Jiang Anchenဆိုတဲ့ ညီအစ်ကိုနှစ်ယောက် တစ်နေ့မှာတော့ အဘိုးဖြစ်သူဟာ အရည်အချင်းရှိတဲ့ မြေးကြီး Jiang Muchenကိုခေါ်ပြီး သူ့မိတ်ဆွေဟောင်းရဲ့ မြေးမလေးဖြစ်သူ Xia Yuနဲ့ လက်ဆက်မှသာ ဆက်ခံသူရာထူးကို ပေးနိုင်မယ်လို့ စကားဆိုလာတဲ့အခါ… ရာထူးအတွက် အဘိုးရဲ့တောင်းဆို‌ချက်ကို မဆိုင်းမတွလက်ခံလိုက်တဲ့ Jiang Muchenနဲ့ သိက္ခာအတွက် ကံကြမ္မာကို ယုံစားလိုက်တဲ့ Xia Yuတို့ စရိုက်မတူညီတဲ့ နှစ်ဦးကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ… ဒီတော့ တစ်မူထူးတဲ့ ခေတ်သစ်စင်ဒရဲလားပုံပြင်ကို စိတ်၀င်စားတယ်ဆိုရင်တော့ The Princess Of Destiny miniseriesလေးကို စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရတယ် ဇာတ်ညွန်းရေးသားသူကတော့ Elena Linပဲ ဖြစ်ပါတယ်