Movie Name
Shot Boot Three (2023)
Year
2023
Generes
Adventure, Comedy
Code
IND0957
Type
Movie
Size
981 MB
Country
Bollywood
Description
Shot Boot Three (2023) “ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု” IMDb-8.7/10 မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။ တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)