-
Movie Name
-
The Road (2023)
-
Year
-
2023
-
Generes
-
Crime, Thriller
-
Code
-
IND0970
-
Type
-
Movie
-
Size
-
951 MB
-
Country
-
Bollywood
-
Description
-
The Road (2023) အဝေးပြေးလမ်းမ
IMDb(8.8/10)
ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့
လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ…
လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု…
မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ
ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက်
ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့
ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်…
အဲဒါကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။
ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား
နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး….
ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။