Movie Name
Hellaro (2019)
Year
2019
Generes
Drama
Code
IND0973
Type
Movie
Size
1.04 GB
Country
Bollywood
Description
Hellaro (2019)”အဖိနှိပ်ခံဘဝမှသည်” ============================ IMDb 8.6/10 Rotten tomatoes 100% စီအမ်ရဲ့ ပရိသတ်တွေအတွက် ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ ဂူဂျာရတ်စကားပြော ရုံတင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် rating တွေ ရှယ်ကောင်းတဲ့အပြင် box office မှာလည်း ဘက်ဂျက်ထက် ၇ ဆကျော် ပြန်ရခဲ့ပြီး ဆုတွေလည်း အများကြီးဝင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ ကန္တာရ လွင်တီးခေါင်ပြင်ထဲက ရှေးရိုးစွဲရွာတစ်ရွာမှာ မိုးခေါင်တာ ၃ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ အဲဒီရွာထဲက ယောက်ျားတွေဟာဆိုရင် ရွာထဲက မုဆိုးမကနေ နိုင်ငံတော် ဝန်ကြီးချုပ်အထိ မိန်းမတိုင်းဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ၊ မိန်းမဖြစ်နေရင် စာဖတ်တတ်ဖို့တောင်မလို.. မီးဖိုထဲမှာပဲ နေသင့်တဲ့သူတွေလို့ယုံကြည်ကြတဲ့ ဖိုဝါဒီသမားတွေပါ။ တစ်နေ့တော့ သူတို့ရွာထဲက ရွာသားတစ်ယောက်က ၇ တန်းထိ ကျောင်းနေဖူးတဲ့ မြို့ပေါ်က မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရာကနေ ရွာထဲက ဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အလှည့်အပြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့အပြင် Cinematography လှလှတွေနဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေဖိနှိပ်ခံရမှုကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။