Movie Name
The Killing Vote (2023)
Year
2023
Generes
Crime, Drama
Code
SKR0922
Type
Series
Size
5.10 GB
Country
Korea
Description
The Killing Vote (2023) [အစ-အဆုံး] အပိုင်းသစ် – ၁၂ (ဇာတ်သိမ်းပိုင်း) Glory ထဲက အချစ်တော်မင်းသမီး Lim Ji-Yeonက ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ထားပြီး မင်းသားကြီးတွေဖြစ်တဲ့ Park Sung-Woongနဲ့ Park Hae-Jinတို့ရဲ့ အပီကြမ်းမယ့် The Killing Voteစီးရီးကတော့ ဒီညမှာပဲထွက်လာပါပြီ။ ဇာတ်လမ်းအညွှန်းကတော့ … ရဲမှူးဖြစ်တဲ့ Kim Moo-Chanဟာ သူ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့သူတစ်ယောက်ပါ။ Kwon Seok Joo ဆိုတဲ့လူကတော့ နာမည်ကျော် တရားရေးရာ ပညာရှင်ဖြစ်ခဲ့ပေမယ့် သူ့သမီးကိုတိုက်ခိုက်ခဲ့တဲ့ မုဒိန်းကောင်ကိုသတ်ပြီးတော့ ရဲစခန်းမှာဝန်ခံခဲ့ပြီး ထောင်ကျခဲ့သူပါ။ Joo Hyun ကတော့ ဆိုးလ်ရဲစခန်းမှာ ငါးနှစ်ကြာလုပ်ခဲ့တဲ့ ရဲမေတစ်ယောက်ပါ။ ဒီဇာတ်လမ်းတစ်ခုလုံးကို မွှေမှာကတော့ Dog Maskဆိုတဲ့ အိုင်ဒီနဲ့ အမည်မသိလူတစ်ယောက်ပေါ့။ စက်ဆုပ်စရာကောင်းတဲ့ ရာဇဝတ်သားတွေဟာ ဥပဒေရဲ့အပြစ်ဒဏ်ကို ရှောင်ဖယ်တဲ့အခါ အသက်၁၈နှစ်နဲ့အထက်မြို့သားတိုင်းဆီကို သေဒဏ်မဲပေးဖို့အတွက် မက်ဆေ့တစ်စောင် ရောက်လာပါတော့တယ်။ သေဒဏ်မဲပေးနှုန်း၅၀%ကျော်တာနဲ့ Dog Maskကတော့ အဲဒီမဲပေးခံရတဲ့သူကိုစမုံတုံးပြီးသတ်ပစ်ပါတယ်။ ရဲတွေကလည်း Dog Maskရဲ့နောက်ကိုလိုက်တဲ့အချိန်မှာပဲ ဇာတ်လိုက်ကျော်သုံးယောက်ပတ်သက်ဖို့ ကံကြမ္မာကအကြောင်းဖန်လာတဲ့အခါ … Dog Maskကရော ဘယ်သူဖြစ်မလဲ? ဇာတ်လိုက်ကျော်သုံးယောက်တူတူ ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ The Killing Vote စီးရီးကိုခံစားကြည့်ရှုပါဦး။