Movie Name
Bad Cat (2016)
Year
2016
Generes
Action, Animation
Code
AN0647
Type
Movie
Size
827 MB
Country
Hollywood
Description
ဒီဇာတ်ကားက က​လေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။ ၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီး IMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15 ratingဖြစ်ပြီး အ​ဆဲအဆို​တွေ ​အ​တော်သုံးထားပြီး သတ်ဖြတ် တာ​တွေလည်း ပါပါတယ်။ ဇာတ်​ကြောင်းက​တော့ အရက်​သောက် ​ဆေးချ ခိုးဆိုးလုနှိုက် အလုပ်​တွေပဲ အမြဲလုပ်​နေတဲ့ ရှဲရိုဆိုတဲ့​ ကြောင်ဆိုးတစ်​ကောင် တစ်​နေ့မှာ ​ကြောင်မ​လေးတစ်​ကောင်ကို နှာဘူးထဖို့အသွားမှာ ​ကြောင်မ​လေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်​ပြေးရာမှ ဓါတ်လိုက်​သေဆုံးသွားပါ​တော့တယ်။အဲဒီမှာ ​ကြောင်မ​လေးရဲ့ သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာက​နေ သခင်ဖြစ်သူပါ တိုက်​ပေါ်ကပြုတ်ကျ​ပြီး ဦး​နှောက်ပွင့်သေဆုံးသွားပါ​တယ်။ ဒါ​ပေမဲ့ အ​တော်​လေးအစွဲကြီးလှတဲ့ ​ကြောင်မ​​လေးရဲ့သခင်က ​ခေါင်းပွင့်တာ​တောင် ဇွန်ဘီအ​နေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရို တစ်​ကောင်ကို လိုက်သတ်ပါ​တော့တယ်။ ဇာတ်လမ်းက​တော့ ခပ်စားစားပါပဲ။ အ​ပြောအဆိုတွေနဲ့ ​အောက်လုံးစကား​တွေကို ရေလည်သုံးထားလို့ က​လေး​တွေကို ပြလို့ရတဲ့ ကာတွန်းကား မဟုတ်တာကို ထပ်​လောင်း​ညွှန်းလိုက်ရပါ​တယ်။