Movie Name
Love Is Panacea (ချစ်ခြင်းအတွက် ဆေးတစ်ခွက်)(2023)
Year
2023
Generes
Drama, Romance
Code
SC0717
Type
Series
Size
7.87 GB
Country
China
Description
1-34 Completed love is panacea ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတော့ ပရိတ်သ‌တ်တွေ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Luo Yun Xi နဲ့ မင်းသမီး Zhang Ruo Nan တို့က အဓိကမင်းသား မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးတော့ : ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့ လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် နိုင်ငံတွင်း အငယ်‌ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်‌တစ်ယောက်ဖြစ်ပါတယ် ။ အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ ” လူငယ်အာရုံကြောခွဲစိတ် ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်” ကိုရရှိဖို့ပါတဲ့ ။ ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာ MBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An မှာက အချိန်မရွေးသေသွားနိုင်တဲ့အထိပြင်းထန်တဲ့ ရှားပါးရောဂါတစ်မျိုး Huntington ရောဂါ‌ဝေဒနာ (မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါ) ကို ခံစားနေရတဲ့သူပါ။ ဒေါက်တာကုတစ်ယောက် သေခြင်းတရားနဲ့ရင်ဆိုင်နေရတဲ့ချစ်သူအတွက် ဘယ်လိုမျိုး သေခြင်းတရားနဲ့တိုက်ခိုက်သွားမလဲဆိုတာ ၊ ကုမရတဲ့ရောဂါဝေဒနာကနေ ကောင်မလေးကိုကယ်တင်ဖို့ ကံကြမ္မာနဲ့ အချိန်တွေကို ဘယ်လိုဆန့်ကျင်တိုက်ခိုက်သွားမလဲဆိုတာကို ရသခံစားမှုပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် စောင့်ကြည့်ဖို့ ‌မမေ့ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့် ။