Movie Name
Architecture 101 (2012)
Year
2012
Generes
Drama, Romance
Code
KR0531
Type
Movie
Size
1.37 GB
Country
Korea
Description
Architecture 101 ဇာတ်ကားဟာဆိုရင်တော့ ကိုရီးယား Drama , Romance ဇာတ်ကားလေးဖြစ်ပြီး Director: Yong-Joo Lee က ရိုက်ကူးထားတာဖြစ်ပါတယ်။ ှ >IMDb Rating – 7.2/10 >Asianwiki Rating – 90% သရုပ်ဆောင်များအနေနဲ့လည်း မင်းသားကြီးTae-woong Eom,မင်းသမီးချောGa-in-Hanနဲ့ မင်းသား Je-hoon Lee တို့အပြင် Korean Kpop အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ Miss A အဖွဲ့ထဲက ကောင်လေးတွေရဲ့အသည်းစွဲ (Adminရဲ့ရည်းစား :3) Suzy Bae လေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားဆိုးလ်မြို့မှာနေတဲ့ ဆိုယွန်းတစ်ယောက် သူ့ရဲ့မိသားစုနဲ့အနှစ်သုံးဆယ်ကြာနေခဲ့တဲ့ ဂျယ်ဂျူကျွန်းက အိမ်လေးကို ပြင်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီသို့ သွားရာမှ လွန်ခဲ့တဲ့ ၁၇နှစ်လောက်က သူနဲ့အတူ ဗိသုကာသင်တန်း အတူတူတက်ခဲ့တဲ့ ဆောင်မင်း နဲ့မထင်မှတ်ဘဲတွေ့ခဲ့ကြပါတယ်။ အဲ့လိုနဲ့သူတို့နှစ်ယောက်တွေ့မိပြီး အရင်ကသူတို့အကြောင်းတွေကို ပြန်ပြောဖြစ်ခဲ့ကြပါတယ်။ ၁၉၉၀ခုနှစ်လောက်တုန်းကအချိန်တွေကို ပြန်ပြောရင်း နောက်ကြောင်းပြန်ကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီကားဟာဆိုရင် ကိုရီးယားအချစ်ဇာတ်လမ်းလေးဖြစ်ပြိး ကိုရီးယားဆန်ဆန် Ro ရတဲ့အပြင် ကြေကွဲစရာ လွမ်းဆွတ်မှုအရသာပါ ခံစားရမည်ဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။