Movie Name
Tales Of The Seven Orders (2023)
Year
2023
Generes
Horror, Thriller
Code
CN0806
Type
Movie
Size
584 MB
Country
China
Description
ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကို လူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက် ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီး အသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။ ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇ ခုထဲက တစ်ခုကို ရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။ ရွှေတံဆိပ် ၇ ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီး အဲ့အခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲ့အချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။ ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား…… လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား…… ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။