Movie Name
IMPURATUS (2022)
Year
2022
Generes
Horror
Code
EN3604
Type
Movie
Size
567 MB
Country
Hollywood
Description
အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။