-
Movie Name
-
Clinic (2023)
-
Year
-
2023
-
Generes
-
Thriller
-
Code
-
EN3610
-
Type
-
Movie
-
Size
-
478 MB
-
Country
-
Hollywood
-
Description
-
လီဆာက နိုက်ကလပ်တစ်ခုမှာ ဖော်ချွတ်အကမယ်အဖြစ်လုပ်ကိုင်တဲ့ Single mother ပါ။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက တင်ကိတ်ရင်ကိတ်ဖြစ်အောင်ပြုပြင်တာကြောင့် တစ်ညတစ်ည ဧည့်သည်တွေဆီက ဘောက်ဆူးအများကြီးရပေမယ့် ဘာမှမပြုပြင်ထားတဲ့ လီဆာတစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ မကိတ်တဲ့အတွက် တစ်ညတစ်ည တစ်ပဲခြောက်ပြားပဲရပါတယ်။
ဒါကြောင့် သားတစ်ယောက်နဲ့ရုန်းကန်နေရတဲ့သူမဟာ သူများတွေလို ဘောက်ဆူးတွေအများကြီးရပြီး ကိတ်ထလာအောင် တင်နှင့်ရင်ခွဲစိတ်ပြုပြင်ဖို့ ကျွမ်းကျင်ဆရာဝန်ဆီသွားခဲ့ပေမယ့် သူမမှာ သွေးမတိတ်တဲ့ရောဂါရှိတာကြောင့် ခွဲစိတ်ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ဆေးခန်းကပြန်အထွက်မှာ ဆေးခန်းက ဧည့်ကြိုကောင်မလေးတစ်ယောက်က ဒီဆေးခန်းထက် ဈေးထက်ဝက်သက်သာပြီး ခွဲစိတ်ပေးနိုင်တဲ့ဆေးခန်းရှိ ကြောင်း၊ စိတ်ပိုင်းဖြတ်ပြီးပါက ဆက်သွယ်ဖို့လိပ်စာကတ်ပေးလိုက်ပါတယ်။
မတရားကိတ်ချင်နေတဲ့လီဆာတစ်ယောက် ဒီကောင်မလေးပြောသလို နာမည်လည်းမရှိ ဈေးလည်းသက်သာလွန်းတဲ့ ဆေးခန်းကို သွားလိုက်တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခေါင်းကြီးတို့ပဲ ကြည့်လိုက်ကြပါတော့ဗျာ။