-
Movie Name
-
Million Dollar Baby (2004)
-
Year
-
2004
-
Generes
-
Drama, Sport
-
Code
-
00682
-
Type
-
Movie
-
Size
-
648 MB
-
Country
-
Hollywood
-
Description
-
ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း
တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့
ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့်
နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ
အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့
လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က
အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး
mmbus
အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊
လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့
အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။
အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း
ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို
မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။
သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့
အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့
ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး
ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ
Happy Ending လေးနဲ့သိမ်းထားပေးပြီး
ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။
ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊
လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့
စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့
အောက်ခြေကနေအဆင့်ဆင့် အကောင်အထည်
ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ
အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက်
သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့
ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။
သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား?
အနိုင်ပိုင်းထွက်ခွာခြင်းလား?
ဒီနှစ်ခုကြားက ကွာခြားချက်ကဘာလဲ?
အဲဒါတွေကိုတော့ ကြည့်ရှုတဲ့ပရိတ်သတ်က ဆုံးဖြတ်ရမှာပါ။
ဒီဇာတ်လမ်းကပေးတဲ့ တခြားအတွေးစလေးတွေ ပြောပြချင်ပေမယ့်
မကြည့်ရသေးတဲ့သူတွေအတွက် အရသာပေါ့သွားမှာစိုးလို့
ဒီအတိုင်းလေးပဲထားလိုက်ပါရစေ။
Rotten Tomatoes မှာ 91% တောင် ရထားတဲ့အပြင်
IMDB rating ကလည်း 8.1 တောင်ရထားတာမို့လို့
ရုပ်ရှင်ကားကောင်းတစ်ကားဆိုတာ ပြောဖို့မလိုတော့ပါဘူး။
လက်ဝှေ့နောက်ခံဇာတ်ကြောင်းကြိုက်တဲ့သူတွေ၊
ရုပ်ရှင်တစ်ကားကိုကြည့်ပြီးရင် တွေးစရာကျန်တာကိုသဘောကျတဲ့
ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ မကြည့်ရသေးရင်
ကြည့်သင့်တယ်ဆိုတဲ့အကြောင်းကို ညွှန်းပေးလိုက်ရပါတယ်။
(ဇာတ်လမ်းကိုဘာသာပြန်ပေးသူရော . အညွှန်းရေးပေးသူရော
CM Member Ma Thet Oo Mon ဖြစ်ပါတယ်။)
ဒီေန႔အတြက္ 2004 ခုႏွစ္က ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေကာင္း
တစ္ကားကိုတင္ေပးခ်င္ပါတယ္။ IMDb rating 8.1/10 အထိရရွိထားတဲ့
ဇာတ္ကားေကာင္းတစ္ကားလည္းျဖစ္ပါတယ္။
Million Dollar Baby ဆိုတဲ့႐ုပ္ရွင္ဟာ ႐ိုးစင္းေပမယ့္
နက္ရႈိင္းတဲ့အမွန္တရားအျပည့္နဲ႔ ဇာတ္လမ္းတစ္ခုပါ။ ဒီဇာတ္လမ္းမွာ
အသက္ႀကီးေနၿပီးျဖစ္တဲ့ စကားကိုကန႔္လန႔္ေျပာတတ္တဲ့
လက္ေဝွ႔ထရိန္နာတစ္ေယာက္ ရယ္၊ သူ႔ရဲ႕သူငယ္ခ်င္း တစ္ခ်ိန္က
ေအာင္ျမင္ခဲ့တဲ့လက္ေဝွ႔သမားေဟာင္းႀကီးေပမယ့္ မ်က္လုံးတစ္ဖက္ ကြယ္ၿပီး
အားကစား႐ုံမွာ ေအာက္ေျခသိမ္းလုပ္ေနရတဲ့ သူရယ္၊
လက္ေဝွ႔သမားတစ္ေယာက္ျဖစ္ခ်င္ စိတ္ျပင္းျပၿပီး ဇြဲလုံ႔လႀကီးတဲ့
အမ်ိဳးသမီးတစ္ဦးရယ္ကို အဓိကဇာတ္အိမ္တည္ထားတာပါ။
အႏွစ္သာရျပည့္ဝတဲ့ ေနာက္ခံစကားေျပာေတြကလည္း
ဒီဇာတ္ကားရဲ႕တစ္ခန္းနဲ႔တစ္ခန္းအကူး အေျပာင္းကို
မပ်င္းရေအာင္ေခၚေဆာင္ေပးသြားမွာပါ။
သာမန္လက္ေဝွ႔႐ုပ္ရွင္ေတာ္ေတာ္ မ်ားမ်ားမွာကေတာ့
ေအာင္ျမင္ေနတဲ့လက္ေဝွ႔သမားတစ္ေယာက္ရဲ႕
ဘဝတစ္ဆစ္ခ်ိဳုးမွာႀကဳံရတဲ့ဒုကၡရယ္၊ ဒီဒုကၡကို ဘယ္လိုေက်ာ္ျဖတ္ၿပီး
ထိပ္ဆုံးကိုျပန္ေရာက္သြားသလဲဆိုတာကိုပဲ
Happy Ending ေလးနဲ႔သိမ္းထားေပးၿပီး
ၾကည့္ရတဲ့သူစိတ္ေပ်ာ္ေအာင္႐ိုက္ျပတတ္ၾကပါတယ္။
ဒီ႐ုပ္ရွင္မွာေတာ့ အသက္ ၃၁ ႏွစ္မွ ေသခ်ာထရိန္နာနဲ႔ေလ့က်င့္ခြင့္ရတဲ့၊
လက္ေဝွ႔ထိုးတာသုံးႏွစ္ရွိတာေတာင္ သဲအိတ္တစ္အိတ္မဝယ္ႏိုင္တဲ့
စားပြဲထိုးမေလးက သူ႔ရဲ႕အိပ္မက္ေတြကို ဘယ္လိုဇြဲနပဲနဲ႔
ေအာက္ေျခကေနအဆင့္ဆင့္ အေကာင္အထည္
ေဖာ္သြားလည္းဆိုတာ ေတ့ြရမွာပါ။ ဘဝဆိုတာ
အနိမ့္အျမင့္အတက္အက်ေတြနဲ႔ဖြဲ႕စည္းထားတဲ့အေလ်ာက္
သူ႔ရဲ႕ေအာင္ျမင္မႈေတြေနဝင္ခ်ိန္မွာထားတဲ့ သူ႔ရဲ႕စိတ္ဓာတ္နဲ႔
ခံယူခ်က္ေတြကလည္း ေတြးစရာေတြေပးသြားမွာပါ။
သူေ႐ြးခ်ယ္လိုက္တဲ့လမ္းဟာ အရႈံးေပးထြက္ခြာျခင္းလား?
အႏိုင္ပိုင္းထြက္ခြာျခင္းလား?
ဒီႏွစ္ခုၾကားက ကြာျခားခ်က္ကဘာလဲ?
အဲဒါေတြကိုေတာ့ ၾကည့္ရႈတဲ့ပရိတ္သတ္က ဆုံးျဖတ္ရမွာပါ။
ဒီဇာတ္လမ္းကေပးတဲ့ တျခားအေတြးစေလးေတြ ေျပာျပခ်င္ေပမယ့္
မၾကည့္ရေသးတဲ့သူေတြအတြက္ အရသာေပါ့သြားမွာစိုးလို႔
ဒီအတိုင္းေလးပဲထားလိုက္ပါရေစ။
Rotten Tomatoes မွာ 91% ေတာင္ ရထားတဲ့အျပင္
IMDB rating ကလည္း 8.1 ေတာင္ရထားတာမို႔လို႔
႐ုပ္ရွင္ကားေကာင္းတစ္ကားဆိုတာ ေျပာဖို႔မလိုေတာ့ပါဘူး။
လက္ေဝွ႔ေနာက္ခံဇာတ္ေၾကာင္းႀကိဳက္တဲ့သူေတြ၊
႐ုပ္ရွင္တစ္ကားကိုၾကည့္ၿပီးရင္ ေတြးစရာက်န္တာကိုသေဘာက်တဲ့
႐ုပ္ရွင္ၾကည့္ပရိတ္သတ္ေတြ မၾကည့္ရေသးရင္
ၾကည့္သင့္တယ္ဆိုတဲ့အေၾကာင္းကို ၫႊန္းေပးလိုက္ရပါတယ္။
(ဇာတ္လမ္းကိုဘာသာျပန္ေပးသူေရာ . အၫႊန္းေရးေပးသူေရာ
CM Member Ma Thet Oo Mon ျဖစ္ပါတယ္။)
File Size – 649 MB