Movie Name
Vigilante (2023)
Year
2023
Generes
Action, Adventure
Code
SKR0929
Type
Series
Size
2.50 GB
Country
Korea
Description
Vigilante(2023) ************** အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင် နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။ Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်. ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာ ရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံး အသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ရာဇဝတ်ကောင်ကို လက်စားချေဖို့ ရဲ တက္ကသိုလ်ထဲ ဝင်ခဲ့ပါတော့တယ်။ ရဲတက္ကသိုလ်ထဲ ဝင်ပြီးနောက်မှ သူ့အမေကို သတ်သွားတဲ့ ရာဇဝတ်ကောင်က အရင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ လူ့အဖွဲ့အစည်းထဲမှာ သာမန်လူတစ်ယောက်လို နေထိုင်နေတာကို တွေ့လိုက်ရတဲ့အခါ တရားဥပဒေနည်းအရမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီရာဇဝတ်ကောင်ကို အပြစ်ပေးဖို့ လုပ်ပါတော့တယ်။ အဲဒီအချိန်က စပြီး ဂျီယုံးက လုံးဝမတူတဲ့ ဘဝနှစ်ခုနဲ့ နေထိုင်ပါတော့တယ်။ နေ့ဘက်တွေမှာဆိုရင် ရဲတက္ကသိုလ်မှာ ဥပဒေကို လိုက်နာပြီး လေးစားတဲ့ စံပြကျောင်းသားလေး ဖြစ်ပြီး ညဘက်တွေမှာတော့ ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ပေမဲ့ ဥပဒေကို အလွဲသုံးစားပြုပြီး ပေါ့ပေါ့တန်တန် အပြစ်ဒဏ်တွေပဲ အချခံရတဲ့ ရာဇဝတ်ကောင်တွေကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အပြစ်ပေးတဲ့ Vigilante ဆိုတဲ့ တရားဘက်တော်သားအနေနဲ့ နေထိုင်ပါတယ်။ အဲဒီလို တရားဝင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက်အရေးမယူတဲ့ ရာဇဝတ်ကောင်တွေကို တစ်ကိုယ်တော် လှုပ်ရှားပြီး အပြစ်ပေးနေတဲ့ Vigilante ကို ကူညီပေးတဲ့သူတွေလည်း ရှိနေပြီး ဖမ်းချင်နေတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီတော့ ဂျီယုံးက ရာဇဝတ်ကောင်တွေကို ဘယ်လို အပြစ်ပေးမလဲ ▪︎▪︎▪︎ အဆုံးထိ သူဟာ Vigilante ဆိုတာ မမိသွားဘဲ ရဲတက္ကသိုလ်က စံပြကျောင်းသားလေးအနေနဲ့ပဲ နေနိုင်သွားမလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်သွားရမယ့် Action , Thriller ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။