Movie Name
Perfect Marriage Revenge (2023)
Year
2023
Generes
Drama, Fantasy, Romance
Code
SKR0931
Type
Series
Size
4.31 GB
Country
Korea
Description
အပိုင်း(၁ မှ ၁၂) စ/ဆုံး ဟန်အီဂျူက ဟန်ဝူးလ်ဘဏ္ဍာရေးလုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်သူ ဟန်ဂျင်ဝန်းတို့ဇနီးမောင်နှံရဲ့ မွေးစားသမီးဖြစ်ပါတယ်။ မွေးစားသမီးဆိုတဲ့အတိုင်းပဲ အီဂျူက မိဘတွေဆီကနေရော ညီမလေးဟန်ယူရာဆီကနေရော အချစ်မခံရပါဘူး။ အီဂျူရဲ့ ခင်ပွန်းသည်ကတော့ ဂျောင်ဆယ်ဟျော့… တစ်နေ့မှာတော့ ခင်ပွန်းသည်ဂျောင်ဆယ်ဟျော့ တကယ်ချစ်တဲ့သူက သူမဟုတ်ဘဲ သူ့ညီမဆိုတဲ့ အမှန်တရားကို သိလိုက်ရပြီးနောက် ပြေးထွက်သွားရင်း ကားတိုက်ခံလိုက်ရပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာတော့ ဂျောင်ဆယ်ဟျော့နဲ့ လက်မထပ်ခင်အချိန်ကို ပြန်ရောက်နေပါပြီ။ ကလဲ့စားချေချင်စိတ် ပြင်းပြနေတဲ့ အီဂျူတစ်ယောက် ဂျောင်ဆယ်ဟျော့နဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းလိုက်ပြီး ညီမဖြစ်သူ လက်ထပ်ချင်နေတဲ့ ထယ်ဂျာလုပ်ငန်းစုရဲ့မြေး ဆောဒိုဂုကို ချဉ်းကပ်ပါတော့တယ်။ ဆောဒိုဂုနဲ့ ဟန်အီဂျူတို့နှစ်ယောက် ပူးပေါင်းပြီး ဘယ်လိုမျိုး ကလဲ့စားချေသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး ကလဲ့စားဒရမ်မာလေးကိုမှ fantasy လေး နှောထားတာဖြစ်လို့ အလောင်တစ်လိုင်းကိုမှ ကြိုက်နှစ်သက်ကြသူတွေအတွက် အကြိုက်ဖြစ်ဦးမှာ အမှန်ပါပဲ။ Main Cast တွေအဖြစ် Sung Hoon , Jung Yoo Min , Jin Ji Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။