Movie Name
My Lovely Wife (2023)
Year
2023
Generes
Drama, Romance
Code
SC0721
Type
Series
Size
3.37 GB
Country
China
Description
Mini Drama 1-22 Completed ဇာတ်လမ်းအကျဉ်း မိခင်ရဲ့ သေဆုံးမှုကို မျက်မြင်ကိုယ်‌တွေ့လိုက်ရတဲ့ Xu Nian ဟာ ထိတ်လန့်မှုကြောင့် စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့ပါတယ် ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုလိုက်ချိန်မှာတော့ သူမဟာ မိထွေး Jiang Wan Li နဲ့ အတူပါလာတဲ့ သမီး Xu Yao တို့ သားအမိနှစ်ဦးထံမှာ အမြဲ နိုင်ထက်စီးနင်း ပြုမူခံခဲ့ရပါတယ် Xu Nian ဟာ မိခင်သေဆုံးရခြင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့ အကြောင်းအရာတစ်ခုရှိနေကြောင်း အမြဲယုံကြည်နေခဲ့ပြီး အမှန်တရားကိုရှာဖွေနိုင်ဖို့ ပျော့ညံ့ထုံထိုင်းတဲ့ အအမလေးတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့ပါတယ် တစ်ဖက်မှာတော့ သွေးအေးရက်စက်တဲ့ သူဌေး Gu Ming Yan ဟာ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် လူတွေကိုမယုံဘဲ အမြဲသံသယဝင်နေသူပါ Gu Ming Yan ဟာ ဖခင်ဖြစ်သူ Gu Tao သေဆုံးမှုကို Xu မိသားစုနဲ့ Gu Hong Yu တို့ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုလို့ပဲ အမြဲသံသယရှိနေခဲ့ပါတယ် Xu Nian ရဲ့သရုပ်မှန်ကို သိရှိသွားပြီးနောက်မှာတော့ Gu Ming Yan ဟာ အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်ဖို့အတွက် သူမကိုလှည့်စားကာ အသုံးချဖို့ ကြံရွယ်ခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ဦးဟာ တစ်အိမ်တည်း အတူ‌ နေရဖို့ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီးချိန်မှာတော့ Gu Ming Yan ဟာ တကယ်တော့ ဒါဟာလည်း Xu Nian ရဲ့ လှည့်ကွက်တစ်ခုဖြစ်နေမှန်း သိလိုက်ရတဲ့အခါ .... စိတ်ဒဏ်ရာကိုယ်စီရှိကြပြီး တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန်အသုံးချဖို့ ကြံရွယ်နေတဲ့ သူတို့နှစ်ဦးဟာ အ‌ဆုံးမှာ လိုချင်တဲ့ အမှန်တရားကို ရှာတွေ့နိုင်ပါ့မလား