-
Movie Name
-
Please Don’t Destroy The Treasure Of Foggy Mountain (2023)
-
Year
-
2023
-
Generes
-
Comedy
-
Code
-
EN3634
-
Type
-
Movie
-
Size
-
800 MB
-
Country
-
Hollywood
-
Description
-
နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်း
ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကို
ထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။
နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေ
ဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်း
ကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေက
ကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲ
နာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O’Brien ကလည်း ပါဝင်
သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..
ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာ
ငယ်ငယ်ကတည်းက ခင်လာပြီး ကြီးလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၃ ယောက်
ဖြစ်ပါတယ်။ အသက်ကြီးလာတော့ ဘဝကိုယ်စီနဲ့ ဝေးသွားတော့မဲ့
သူငယ်ချင်းတွေကို မခွဲချင်တဲ့ John က ငယ်ငယ်တုန်းက သူတို့တူတူ ကောက်ရခဲ့တဲ့
သံလိုက်အိမ်မြှောင်လေးကို အကြောင်းပြုပြီး တောနက်ထဲမှာ ရတနာရှာထွက်ဖို့
စည်းရုံးပါတော့တယ်။ အဲ့ဒီလိုလဲ ရတနာရှာထွက်လာတဲ့ အချိန်မှာ ဘယ်လို
အခက်အခဲတွေ ရင်ဆိုင်ရမှာလဲ ကျော်ဖြတ်နိုင်မှာလား ရတနာကော အဆုံးသတ်မှာ
ရမှာလား စတာတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ကားတစ်လျောက်လုံးမှာလည်း
ဟာသရယ်မောစရာတွေကို မရိုးအောင် ကြည့်ရှုခံစားရမဲ့ အဆင့်မြင့် ဟာသကားလေး
တစ်ကား ဖြစ်ပါတယ်ခင်ဗျ…