Movie Name
A Bloody Lucky Day (2023)
Year
2023
Generes
Drama, Thriller
Code
SKR0933
Type
Series
Size
2.70 GB
Country
Korea
Description
1-10 Completed တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား…။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် တွေ့ရမှာဖြစ်ပြီး Reborn Rich ထဲက အဘိုးကြီး Lee Sung Min၊ Parasite ထဲက မင်းသမီးကြီး Lee Jung Eun တို့က ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကို စောင့်ကြည့်လိုက်ကြရအောင်နော်။ (သွေးသံရဲရဲနဲ့ လူသတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက်လည်း 18+ သတ်မှတ်ထားပါတယ်။)