-
Movie Name
-
Fearless (တိမ်ညိုခွင်းမည့် ရေငွေ့ငယ်) (2023)
-
Year
-
2023
-
Generes
-
Drama
-
Code
-
SC0724
-
Type
-
Series
-
Size
-
14.6 GB
-
Country
-
China
-
Description
-
တိမ်ညိုခွင်းမည့် ရေငွေ့ငယ် Fearless 无所畏惧 (2023) 🩵 မင်္ဂလာပါ Soulersလေးတို့ရေ..🍁 ဒီတစ်ခေါက်မှာတော့ Soulersလေးတို့ကို ဥပဒေကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း🍁 Luo Ying Wei ဆိုတဲ့မိန်းကလေးဟာ ကိုယ့်ဒူးကိုယ်ချွန်ကာ ဥပဒေစာမေးပွဲကို အောင်မြင်လာပြီး ရုံးဝန်ထမ်းဖြစ်လာသူပဲဖြစ်ပါတယ်။ ကံကောင်းမယ်ကြံကာမှ Luo Ying Weiရဲ့ကံကြမ္မာက ပြန်လည်ရိုက်ခတ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ကံခေရှာတဲ့ Luo Ying Weiတစ်ယောက် ခင်ပွန်းဖြစ်သူ Liu Mingနဲ့ အိမ်ထောင်ရေးပြိုကွဲသွားပါတော့တယ်။ အကြောင်းကတော့ Luo Ying Weiရဲ့ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့အကြွေးတွေကို Luo Ying Weiနာမည်နဲ့ချန်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားလို့ပဲဖြစ်ပါတယ်။ Liu Mingရဲ့အကြွေးတွေကိုမဆပ်ရဖို့အရေး Luo Ying Wei တစ်ယောက် ဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ? တရားဥပဒေနည်းအရ အမှုတွေကို ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ ဥပဒေလောက ဇာတ်လမ်းအရှုပ်အထွေးတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Fearless ဆိုတဲ့ Dramaလေးကို SoulKingdom မှာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်။ ဇာတ်လမ်းအညွှန်းရေးသားသူက Gi ဖြစ်ပါတယ်