-
Movie Name
-
Japan (2023)
-
Year
-
2023
-
Generes
-
Action, Thriller
-
Code
-
IND1017
-
Type
-
Movie
-
Size
-
1.14 GB
-
Country
-
Bollywood
-
Description
-
Japan (2023) “(ဂျပန်) အိန္ဒိယတွင်လုပ်သည်”
လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကို
Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။
မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။
တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့….
တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။
အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊
ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။
အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။
ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။
ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။
ဂျပန်က ဘာလဲဆိုတော့ သူခိုး။
ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။
ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။
သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ …..
အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲ
ဂျပန်ကလဲ ရဲတွေကို ကတုံးထိပ်ကွက်ပြီး ဘယ်လိုလှည့်ပတ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ခံစားကြပါတော့
ဂျပန်မှာက ရဲတွေနဲ့ ဉာဏ်ချင်းပြိုင်တဲ့အချိန် မပျင်းရအောင် စော်အလန်းလေးတစ်ယောက် ဘေးမှာအဖော်ပြုပေးနေတာမို့
ပရိသတ်ကြီးလဲ အပျင်းပြေ ချစ်ကြည်နူးခန်းတွေ ကခုန်ခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ငတက်ပြားဇာတ်လမ်းကြီးကို အားပေးနိုင်မှာပဲဖြစ်ပါတယ်….