-
Movie Name
-
Absolute Zero (2023)
-
Year
-
2023
-
Generes
-
Drama, Romance
-
Code
-
ST0860
-
Type
-
Series
-
Size
-
3.01 GB
-
Country
-
Thai
-
Description
-
1-12 Completed
Absolute Zero (2023)
မြန်မာစာတန်းထိုး အစအဆုံးတင်ပေးသွားပါမယ်💙
ဇာတ်လမ်းအကျဥ်း
SuanSoon နဲ့ Ongsa တို့က ချစ်သူတွေပါ။ တစ်ရက် Ongsa ဟာ Suansoon ရဲ့ မွေးနေ့ပွဲကို လုပ်ပေးဖို့ အပြေးအလွှားလာရင်း ပြင်းထန်တဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Suansoon ဟာ သူ့ကိုယ်သူ အပြစ်တင်ခဲ့ပြီး အခုလိုမျိုး Ongsa မသေရအောင် အတိတ်ကို ပြန်သွားပြီး သူနဲ့ချစ်သူတွေမဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပါတယ်။
မထင်မှတ်ဘဲ အဲဒီဆုတောင်းပြည့်သွားခဲ့ပြီး Suansoon ဟာ လွန်ခဲ့ဆယ်နှစ်ဆီသို့ ရောက်ရှိသွားခဲ့ပါတယ်။ အဲ့အချိန်မှာ သူတို့တွေက အထက်တန်းကျောင်းသားတွေပဲ ရှိပါသေးတယ်။
အဲ့ဒီအချိန်မှာ Suansoon က Ongsa ဆီသွားပြီး အနာဂတ်က သူတို့နှစ်ယောက်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့် Ongsa ဟာသူပြောတာကို မယုံခဲ့ဘဲ ချစ်သူတွေ ထပ်ဖြစ်ခဲ့ပါတယ်။
အချိန်တွေကြာလာပြီး အဲဒီမတော်တမှုဖြစ်မယ့်နေ့ကို ပြန်လည်ရောက်ရှိလာပါတယ်။ အဲ့နေ့မတိုင်ခင် တစ်ရက်အလိုမှာ အနာဂတ်က Ongsa ဟာ အတိတ်ကသူ့ရဲ့ငယ်ဘဝ Ongsa ဆီကိုလာပြီး အဲဒီမတော်တဆမှုကို မရှောင်ဖို့ တကယ်လို့ ရှောင်လိုက်မယ်ဆိုရင် Suansoon သေမှာဖြစ်တဲ့အကြောင်း လာသတိပေးခဲ့ပါတယ်။ အဲဒါကြောင့် Ongsa ဟာ အဲဒီမတော်တဆမှုကို အဖြစ်ခံခဲ့လိုက်ပါတယ်။
နောက်တော့ Ongsa ဟာ Suansoon နဲ့ ပထမဆုံးတွေ့ခဲ့တဲ့ အတိတ်ကာလမှာ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အနာဂတ်ကို ပြောင်းလဲဖို့နဲ့ Suansoon ဆီကို မချဉ်းကပ်ဖို့ Ongsa တစ်ယောက် ဆုံးဖြတ်ထားခဲ့ပေမယ့် သူဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်လာနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာ Main Lead နှစ်ယောက်အတွဲလေးက အတိတ်ကာလနဲ့ အနာဂတ်ကာလဆိုပြီး ပုံစံနှစ်မျိုးပါဝင်လာမှာပါ။💙
ဝတ္ထုကို အခြေခံ ရိုက်ကူးထားပြီးတော့ စိတ်ဝင်စားဖွယ်ဇာတ်အိမ် နဲ့ စောင့်မျှော်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်💙
အပိုင်း ၁၂ ပိုင်းပါဝင်ပြီး
September 27th 2023 မှစ၍ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်💙