-
Movie Name
-
Saltburn (2023)
-
Year
-
2023
-
Generes
-
Comedy, Drama, Thriller
-
Code
-
EN3668
-
Type
-
Movie
-
Size
-
1.05 GB
-
Country
-
Hollywood
-
Description
-
Saltburn (2023)
~ IMDb – 7.5/10, RT – 72%, Meta – 60% ~
ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl နဲ့ ဆန်ခါတင်ဝင်ဖူးတဲ့ Rosamund Pike, Best Supporting Actor ဆန်ခါတင်ဝင်ဖူးတဲ့ Richard E. Grant စတဲ့ အော်စကာတန်းဝင်ဖူးတဲ့ သရုပ်ဆောင်တွေချည်း။ တစ်ယောက်မှတော့ မရကြသေးဘူးပေါ့။ ဒီကားနဲ့လည်း Rosamund Pike နဲ့ Barry Keoghan တို့ ဆန်ခါတင်ဝင်ကောင်းဝင်လောက်တယ်။ နောက် The Kissing Booth နဲ့ လူသိများတဲ့ Jacob Elordi လည်း အဆစ်ပါထားတယ်။
ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်တစ်ကောင်ကိုပဲ ဦးတည်ထားတဲ့ဇာတ်ဖြစ်သလို အဲဒီဇာတ်ကောင်ကလည်း Barry Keoghan ဖြစ်နေတော့ စစချင်းကြည့်ရင် သူရိုက်နေကျပုံစံကနေ ကွဲထွက်သွားပြီလို့ထင်ရတယ်။ အောက်စ်ဖို့က ရိုးရိုအေးအေး စာကြမ်းပိုးကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုလိုပဲ။ အပေါင်းအသင်းမဲ့နေတဲ့ စာကြမ်းပိုးလေးက ကျောင်းက မင်းသားလေးနဲ့ တွေ့ရာက ဇာတ်လမ်းစတယ်ပေါ့။ သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းသိသွားတော့ မင်းသားလေးက သူ့အိမ်မှာ နွေပိတ်ရက်လိုက်နေဖို့ခေါ်တယ်။ မင်းသားလေးအိမ်ကလည်း တကယ့်နန်းတော်ကြီးပဲ။ ဒီလိုနဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ အထက်တန်းလွှာလူတွေရဲ့ မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရမယ့် နွေရာသီတစ်ခု ဆိုက်ရောက်လာခဲ့တယ်။
တချို့ကတော့ ဘယ်ရီက ဒီဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေသလို Rosamund ကို အမေဇာတ်နေရာ ပို့ထားတာက သူ့အလှကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရဲ့အချိုးအကွေ့ကို ဘယ်ရီလို သရုပ်ဆောင်မျိုးကပဲ သရုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူ့ထက်အငယ်တန်းမှာလည်း ဒီလိုမျိုးမမြင်မိတော့ မှားတော့မမှားဘူး ထင်တာပဲ။ ဒါပေမဲ့ ပြောကြတာလည်း မှားတော့မှားမနေဘူး။ Barry Keoghan ရဲ့ အပြည့်အဝကွဲထွက်လာတဲ့သရုပ်ဆောင်ပုံကိုတော့ မြင်ရဦးမှာမဟုတ်ပေမဲ့ ကွဲထွက်စပြုလာတဲ့ ပုံစံကိုတော့ မြင်ရလိမ့်မယ်။
ဒီနှစ်ထဲ ထွက်ထားတဲ့ ထွက်တော့မယ့် ကားကောင်းတွေ တော်တော်များပါတယ်။ ဒီထဲမှာမှ Saltburn ဟာ ၁ကနေ ၂၀အထိစာရင်းလုပ်ရင် တစ်နေရာရာမှာ ပါနေလောက်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်။ ဇာတ်လမ်းကတော့ တခြားအော်စကာဆန်ခါတင်ဝင်နိုင်တဲ့ ကားအများစုလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်သွက်သွက်နဲ့ပဲ သွားထားတယ်။ ဘာဖြစ်ဖြစ် ဒီနှစ်ရဲ့ မဖြစ်မနေကြည့်ရမယ့်စာရင်းထဲတော့ ဝင်နေတာပါပဲ။