Movie Name
Silver And The Book Of Dreams (2023)
Year
2023
Generes
Adventure, Drama
Code
EN3670
Type
Movie
Size
611 MB
Country
Hollywood
Description
ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာ အ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။ ​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါ တကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေ ရှိ​နေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ