Movie Name
The Fiery Priest
Year
2019
Generes
Comedy, Crime
Code
SKR0069
Type
Series
Size
10.4 GB
Country
Korea
Description
ဒီတစ်ခါမှာတော့ SBS ရုပ်သံကနေFebruary 15ရက်ကစပြီး အပတ်စဉ် သောကြာ စနေ ထုတ်လွှင့်နေတဲ့The Fiery Priest ဆိုတဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် မင်းသားကိုကြိုက်တာနဲ့ကြည့်ကြည့်တော့ ဇာတ်လမ်းလေးလည်းကောင်းတာကြောင့် ဘယ်ကမှတင်တာမတွေ့တာနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အဓိကသရုပ်ဆောင်တွေအနေနဲ့ Kim Nam Gil,Lee Ha Nee,Kim Sung Kyun နဲ့ Keum Sae Rok တို့ပါဝင်သရုပ်ဆောင်ထားပါတယ် မတရားတာတွေ့ရင် ကိုယ်နဲ့မဆိုင်သလိုမနေနိုင်ဘဲ ဝင်ပါတတ်တဲ့ ဒေါသကြီးလွန်းတဲ့ဖာသာ ကင်ဟယ်အီ အလုပ်ကြိုးစားပြီး တော်တဲ့ရည်မှန်းချက်ကြီးတဲ့ စုံစမ်းရေးမှူးမလေး ပတ်ဂျောင်ဆွန်း လေကြီးပေမယ့် တကယ်တမ်းမှာကြောက်တတ်ပြီးတလွဲတွေလုပ်တတ်တဲ့ ရဲအရာရှိဂူဒယ်ယောင်း အသစ်ပြောင်းရွှေ့လာတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ရဲမေလေးဆောဆွန်းအာ သူတို့လေးယောက် ဖာသာကင်ရဲ့ဆရာဘုရားကျောင်းရဲ့သင်းအုပ်ဆရာကြီး အသတ်ခံရမှုကို ဘယ်လိုဖော်ထုတ်မလဲ ဆိုတာစိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် အရင်ကြည့်ဖူးနေကျဇာတ်လမ်းတွေထဲကလို အေးဆေးတည်ငြိမ်တဲ့ဖာသာမျိုးမဟုတ်ဘဲ ထစ်ခနဲရှိရိုက်မယ်နှက်မယ်ဆိုတဲ့ ဒေါသအိုးဖာသာကို version တစ်မျိုးနဲ့ကြည့်ရှူရမှာဖြစ်လို့ အားပေးကြည့်ရှူကြပါအုံးလို့ စုစုပေါင်း အပိုင်း ၄၀ပါဝင်မှာဖြစ်ပြီး My Dramalist 8.2/10,ထိရရှိထားပါတယ်