-
Movie Name
-
Journey To Bethlehem (2023)
-
Year
-
2023
-
Generes
-
Drama, Fantasy
-
Code
-
EN3689
-
Type
-
Movie
-
Size
-
870 MB
-
Country
-
Hollywood
-
Description
-
ခရစ္စမတ်နေ့ဆိုတာဟာ ဘုရားသခင်ဂျီးဆပ် ဖွားမြင်တော်မူတဲ့နေ့ပါ။ အခု ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ ဂျီးဆပ်မွေးဖွားလာပုံနဲ့ မယ်တော်မယ်ရီနဲ့ဂျိုးဆပ်တို့ရဲ့ဇာတ်လမ်းအကြောင်းကို Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ A Journey to Bethlehem ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့
ဂျူဒါတိုင်းပြည်ကြီးမှာ မယ်ရီဆိုတဲ့ကောင်မလေးကို သူမရဲ့မိဘတွေဟာ ဂျိုးဆပ်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပေးဖို့စီစဥ်ကြပါတယ်
သူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲလုပ်ပြီး မင်္ဂလာမဆောင်ရခင်မှာ မယ်ရီဟာထူးခြားလှတဲ့အိပ်မက်မက်ခဲ့ပါတယ် အဲ့ဒါကတော့ ကောင်းကင်ကတမန်တော်တစ်ယောက်ဟာ သူမဆီကိုလာပြီး သူမဟာ ဘုရားသခင်ရဲ့သားတော်ကို မွေးဖွားပေးဖို့အတွက်ရွေးချယ်ခံထားရတယ်လို့လာပြောပါတယ်။
အဲဒီနောက်မှာ သူမဟာ အပျိုစင်ဘဝနဲ့ပဲကိုယ်ဝန်ရခဲ့တော့ ဂျိုးဆပ်ရဲ့မိဘတွေဘက်ကနေ စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ပါတယ် မယ်ရီတစ်ယောက် ကလေးကိုဘယ်လိုမွေးဖွားမလဲ ဂျိုးဆပ်ကရော အိပ်မက်ကိုယုံကြည်ပါ့မလား။ တစ်ဖက်မှာလည်း ပညာရှိသုံးယောက်ဟာ ဘုရားသခင်ရဲ့သားတော်မွေးဖွားမယ်ဆိုလို့ လိုက်ရှာနေကြပါတယ်
ဂျူဒါတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ဟဲရစ်ဟာလညး်ဆိုးရွားယုတ်မာတဲ့ဘုရင်ဖြစ်တယ် သူကရော အဲ့ဒီမွေးဖွားလာမယ့်ကလေးနဲ့ပက်သက်ပြီးဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဂျီးဆပ်မမွေးဖွားမီ မယ်ရီရဲ့ဘဝအကြောင်းကိုအဓိကရိုက်ပြထားပြီး မယ်ရီနဲ့ဂျိုးဆပ်တို့နှစ်ဦးကြားကမေတ္တာအကြောင်းတွေအဓိကပါပါတယ်