Movie Name
Only The Strong ( 1993 )
Year
1993
Generes
Action
Code
00696
Type
Movie
Size
619 MB
Country
Hollywood
Description
ငယ်စဉ်ကလေးဘဝတုန်းက ကျွန်တော်တို့ပါးစပ်ဖျားထက်မှာစွဲခဲ့တဲ့ ပါရာနာဝေးလို့လူသိများခဲ့တဲ့ Only the strong ဇာတ်ကားဟာဆိုရင် 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးIMDb rating 6.7 အထိရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်… မင်းသားကြီး Mark Dacascos နဲ့ မင်းသမီး Stacey Travis တို့အဓိကသရုပ်ဆောင်ထားပြီး Geoffrey Lewis နဲ့ Paco Christian Prieto mmbus တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လူးဝစ်စတီဗင် (Mark Dacascos) က သူ့ဒေသကနေ နှစ်အတော်ကြာခွဲခွာပြီး စစ်သားတစ်ယောက်အဖြစ်တာဝန်ထမ်းနေရာက သူ့ဒေသ ဖလော်ရီဒါပြည်နယ်ကိုပြန်ရောက်လာတယ်… သူတက်ခဲ့တဲ့လင်ကွန်အထက်တန်းကျောင်းက ဆရာ့ဆီမှာအကူအညီတောင်းဖို့သွားရင်းကနေ သူ့ကျောင်းက ကျောင်းသားတွေက ဆေးစွဲ အကြမ်းဖက်ဂိုဏ်းတွေနဲ ့ပေါင်းပြီးဆိုးသွမ်းပျက်စီးနေကြတာ တွေ့လိုက်ရတယ်… အဲ့ကျောင်းမှာ ဆရာပြန်လုပ်ဖြစ်ရာက ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေလုပ်ပေးခဲ့တယ်… Capoeira ဆိုတဲ့ ဘရာဇီးရိုးရာသိုင်းပညာနဲ့ ကလေးတွေပျက်စီးမှုရဲ့အဓိကတရားခံဖြစ်တဲ့ မူးယစ်ဆေးဈေးကွက်ကို အုပ်စိုးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဆေးလ်ဗရီယို (Paco Christian Prieto) ကို ဘယ်လိုတွန်းလှန်ဖို့ကြိုးစားခဲ့လဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်… ဆရာတပည့်ချစ်ခြင်းမေတ္တာတွေနဲ့ လူငယ်တွေကိုပြုပြင်ပေးတဲ့ကားကောင်းလေးတစ်ကားဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ် 1993 ခုနှစ်က ထွက်ခဲ့တဲ့ကားဖြစ်တဲ့အတွက်ကြောင့် အကြည်လင်ဆုံးရနိုင်တဲ့ ကွာလတီကိုတင်ဆက်ပေးလိုက်ရပါတယ်