Movie Name
Moon In The Day (2023)
Year
2023
Generes
Fantasy, Historical, Romance
Code
SKR0934
Type
Series
Size
4.74 GB
Country
Korea
Description
1-14 COMPLETED ဟန်ဂျွန်းအို (Kim Young-Dae) က ကိုရီးယားထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီး ချောမောတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့လူတစ်ဦးလို့ ထင်ရ​ပေမဲ့ သိမ်ငယ်စိတ်​တွေနဲ့ ​နေ​နေရတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ ဟန်မင်းအို (On Joo-Wan) ပိုင်တဲ့ Beginning Entertainment က အနုပညာရှင်တစ်​ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ ဟန်ဂျွန်းအိုက မီးသတ်သမား ဂန်​ယောင်းဟွာ (Pyo Ye-Jin) နဲ့အတူ ကြော်ငြာတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ကြော်ငြာရိုက်ကူးနေစဉ်အတွင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပေမဲ့ ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုကို ကယ်လိုက်နိုင်ခဲ့ပါ‌တယ်။ အဲဒီနောက်မှာတော့ ဂန်​ယောင်းဟွာက ဟန်ဂျွန်းအိုရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကားမ​တော်တဆဖြစ်ပြီး ပြန်နိုးထလာတဲ့ ဟန်ဂျွန်းအိုရဲ့ခန္ဓာကိုယ်ထဲကို ဒိုဟာ (Kim Young-Dae)လို့​ခေါ်တဲ့ အငြိုးကြီးဝိညာဥ်တစ်ခု ဝင်ပူးသွားခဲ့ပါတယ်။ ဒိုဟာက ရှီလာ​ခေတ်က မျိုးရိုးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူအရမ်းချစ်ရတဲ့ ဇနီးဖြစ်သူရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒိုဟာက ဘာ​ကြောင့် အငြိုးကြီးဝိညာဥ်ဖြစ်လာရတာလဲ… လက်ရှိ ဝိညာဥ်ပူး​နေတဲ့ ဟန်ဂျွန်းအိုက​ရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံ​တွေ့လာမှာလဲ… ဆိုတာ‌တွေကို ရှေး​ခေတ်နဲ့ လက်ရှိ​ခေတ်ကို အပြိုင်ပြသရင်း ဇာတ်​ကြောင်း​ဖော်သွားမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကား​ကို အပတ်စဥ် ဗုဒ္ဓဟူး​နေ့နဲ့ ကြာသပ​တေး​​နေ့များတွင် ပြသသွားမှာဖြစ်လို့ ​စောင့်​မျှော်ကြည့်ရှုပေးကြပါဦးနော်။