Movie Name
Parker (2013)
Year
2013
Generes
Action, Crime
Code
00697
Type
Movie
Size
1 GB
Country
Hollywood
Description
Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်…… အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်…. ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်…. လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်….. ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။(film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။) Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ိ ၎င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်… Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်… Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်…. (ရုပ်ရှင်အညွှန်းကို DVD Guide မှကူးယူဖော်ပြသည်…)