Movie Name
A Biltmore Christmas (2023)
Year
2023
Generes
Fantasy, Romance
Code
EN3694
Type
Movie
Size
922 MB
Country
Hollywood
Description
လူစီ ဟာ့ဒ်ဂရိုဗ့်ဟာ သူ့အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ခရစ်စမတ်ရုပ်ရှင်ဖြစ်တဲ့ His Merry Wife! ဆိုတဲ့ ဂန္တဝင်ရုပ်ရှင်ကို ပြန်ပြီးရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းရေးဆရာမ တစ်ယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်. ၁၉၄၇ ခုနှစ်မှာရိုက်ခဲ့တဲ့ အဲဒီ့ရုပ်ရှင်ဟာ ဘေ့လ်မိုးဆိုတဲ့ အိမ်ကြီးမှာ ရိုက်ခဲ့ကြတာဖြစ်ပြီးတော့ တကယ့် ဂန္တဝင်ခရစ်စမတ်ရုပ်ရှင် အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်. စတူဒီယိုက လူစီရေးထားတဲ့ ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့ သိပ်သဘောမကျတဲ့အခါ သူ့ကို အဲဒီ့ရုပ်ရှင် ရိုက်ကူးခဲ့တဲ့အိမ်ကြီးဆီကိုသွားပြီးတော့ ဇာတ်ညွှန်းပြန်ပြင်ရေးခိုင်းခဲ့ပါတယ်. ဒါပေမယ့် အဲဒီ့ရုပ်ရှင်ထဲမှာပါခဲ့တဲ့ သဲနာရီလေးတစ်လုံးကို အမှတ်မထင်တွေ့သွားပြီး အဲဒီ့သဲနာရီလေးက အတိတ်နဲ့ ပစ္စုပန်ကို ဆက်သွယ်ထားတဲ့ ပစ္စည်းလေးဖြစ်နေတဲ့အခါ…. လူစီကိုယ်တိုင်က အတိတ်ကိုသွားပြီးတော့ အနာဂတ်ကိုပြောင်းလဲပစ်နိုင်ဖို့ ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခါ….ပေါ့ပေါ့ပါးပါနဲ့ ခရစ်စမတ်ကာလလေးမှာ မိသားစုနွေးနွေးထွေးထွေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါ. ခရစ်စမတ်ရုပ်ရှင်တွေအရိုက်များတဲ့ မင်းသမီးချော Bethany Joy Lenz အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်.