Movie Name
Crown Of Blood (ကချေသည်အမုန်း) (2023)
Year
2023
Generes
Drama
Code
ST0868
Type
Series
Size
9.70 GB
Country
Thai
Description
1-35 Completed ဇာတ်လမ်းအကျဉ်း "ဖွန်"အဖြစ် - Akhamsiri Suwanasuk "ဖလွိုင်"အဖြစ် - Nuengthida Sophon "ထန်"အဖြစ် - Wongsakorn Poramathakorn "ဂျလန်"အဖြစ် - Songsit Roongnophakunsri ဂျလန်ဦးဆောင်တဲ့ ဆွတ်ဖနမိသားစုဟာ ကျွမ်းကျင်တဲ့ အကဓလေ့ကို သက်တမ်းကြာမြင့်စွာ အမွေဆက်ခံခဲ့တဲ့ မိသားစုဟောင်းဖြစ်ပြီးတော့ အဖိုးတန် ရိုးရာတူရိယာတစ်မျိုးဖြစ်တဲ့ ချဒါနာကိုလည်း အမွေဆက်ခံခဲ့တယ်။ အဲဒါကတော့ အိမ်ရဲ့နောက်ဆက်ခံသူရဲ့သင်္ကေတလို့လည်းပြောလို့ရပါတယ်။ ဂျလန်မှာ သမီးသုံးယောက်ရှိပြီး သမီးသုံးယောက်လုံးကလည်း မိခင်ချင်းမတူကြပါဘူး။ သူများအပြင်မှာတော့ အေးချမ်းသာယာပြီး အထင်ကြီးစရာကောင်းတယ်ဆိုပေမယ့် အမှန်တော့ နေ့စဉ်နဲ့အမျှ ရှုပ်ယှက်ခတ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျလန်ရဲ့ဇနီးသုံးယောက်ဟာ သူတို့သမီးကို အမွေဆက်ခံရန် ပြိုင်ဆိုင်ကြလို့ပါ။ ဒါပေမယ့် ဂျလန်ဟာ သူ့နေရာကို ဆက်ခံဖို့ အရည်အချင်းပြည့်မီသော အကြီးဆုံးသမီးလေးဖြစ်တဲ့ ဖွန်ကို ရွေးချယ်ခဲ့ပါတယ်။ သူများအမြင်မှာတော့ အကြီးမလေးက အကုန်ပြီးပြည့်စုံတယ်ထင်ရပေမယ့် သူ့အားနည်းချက်တစ်ခုက တစ်အိမ်ထဲမှာနေတဲ့ ထန်နဲ့လျှို့ဝှက်ဆက်ဆံရေးရှိလို့ပါ။ သူတို့ဆက်ဆံရေးကြားမှာ အဆက်အခဲပေါင်းများစွာရှိခဲ့ပြီး နောက်ဆုံးမှာ အတူထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ အဲ့နေ့မှာပဲ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ အဲဒါနဲ့ထန်ဟာ ဖွန်ကိုထားသွားခဲ့ပြီးပျောက်ကွယ်သွားတယ် ဒါမှမဟုတ် သေဆုံးသွားပြီလို့ ဖွန်ကအထင်လွဲသွားခဲ့ပြီး အမေပေးစားတဲ့လူနဲ့စေ့စပ်သွားခဲ့ပါတယ်။ ၂နှစ်ကြာပြီးတဲ့နောက်မှာတော့ ထန်ဟာ ချဒါနာ စံအိမ်ရဲ့ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အဓိကရှယ်ယာရှင်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲ့အချိန်မှာတော့ လူတိုင်း အံ့အားပြီး လန့်သွားကြပါတယ်။ ထန်ပြန်လာပြီး ခဏမှာပဲ ဖွန်ရဲ့အမေဖြစ်သူ ထူးဆန်းစွာ သေဆုံးသွားခဲ့ပြီး ထန်ကို လူသတ်သမားလို့ သံသယဝင်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထန်ဟာ ဖွန်ရဲ့မိခင်ဖြစ်သူအလောင်းကို ပထမဆုံးရှာတွေ့တဲ့လူဖြစ်တဲ့အပြင် သူတို့ချစ်ခြင်းကို တားဆီးဖူးတဲ့အတွက်ကြောင့် မကျေနပ်တဲ့အကြောင်းပြချက်ခိုင်လုံနေလို့ပါ။ ဒါပေမယ့် အဲဒီသေဆုံးမှုက အစပဲရှိပါသေးတယ်။ သိပ်မကြာခင်မှာပဲ ဖွန်ဟာ ကားတိုက်မှုနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါတော့ သူမရဲ့သေဆုံးမှုဟာ လူတိုင်းပြောကြတဲ့ကျိန်စာပဲဆိုပြီး အလတ်မဖြစ်တဲ့ဖလွိုင်ဟာ ယုံကြည်သွားခဲ့ပါတယ်။ ဖလွိုင်ဟာ သေဆုံးသွားတဲ့ဖွန်ရဲ့ဝိဉာည်ကိုမြင်ရပြီး ဖွန်ရဲ့သေဆုံးမှုအကြောင်းကို ဖွန်က ဖလွိုင်ကိုစုံစမ်းခိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။ စုံစမ်းနေချိန်မှာပဲ ထန်ဟာလူသတ်သမားမဟုတ်သလို ထန်ရောဖွန်ရဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတယ်ဆိုတာ ဖလွိုင်သိလိုက်ရပါတယ်။ လူသတ်သမားဘယ်သူလဲဆိုတာ သူတို့ ပိုစုံစမ်းပြီး အမှန်တရားနဲ့ နီးကပ်လေလေ အန္တရာယ်နဲ့ ရင်ဆိုင်ရလေလေပါပဲ။ ဖလွိုင်စုံစမ်းရင်းနဲ့ အိမ်တွင်းလျှို့ဝှက်ထားသောလျှို့ဝှက်ချက်တွေက ဖလွိုင်မထင်မှတ်ထားတဲ့ပုံစံတွေနဲ့အတူ ရှာဖွေတွေ့ရှိလိုက်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးဟာ ယခင်က သူမမသိခဲ့တဲ့ အမှောင်ဘက်တွေ ရှိနေတာကို သူမကို နားလည်စေတယ်။ ပြီးတော့ တကယ့်လူသတ်သမားက ထင်ထားတာထက် သူတို့ပတ်ဝန်းကျင်အနီးမှာရှိတဲ့လူတွေပဲဖြစ်မလားဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။