Movie Name
Love Destiny (ချစ်ဖူးစာ အတွဲ ၂)(2023)
Year
2023
Generes
Comedy, Historical, Romance
Code
ST0870
Type
Series
Size
12.9 GB
Country
Thai
Description
1-26 Completed Season (1) တုန်းက ၁၇ရာစုက ခွန်ဖီးနဲ့ မယ့်ကရာကေ့ဒ်တို့ရဲ့ ဇာတ်လမ်းလေး လှပစွာအဆုံးသတ်သွားပြီးတဲ့ နောက်မှာတော့ ယခု Sesson (2) မှာ ယနေ့ခေတ် ၂၁ရာစုမှ "ဖုတန်" ဆိုတဲ့ မိန်းကလေးရဲ့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဖုတန်တစ်ယောက် မြေကြီးထဲ အပြီးတိုင် မြုပ်နှံ ထားတဲ့ "ကစ္စနကာရီမန္တန်" ကျမ်းစာအုပ်ကို ရှာတွေ့ခဲ့ပြီး မယ့်ကရာကေ့ဒ်တို့ရဲ့ ၁၇ရာစုကို ထူးခြားဆန်းကြယ်စွာ ရောက်ရှိလာခဲ့ပါတယ်။ အဲ့အချိန်မှာ ခွန်ဖီးနဲ့ မယ့်ကရာကေ့ဒ်တို့က ကလေး လေးယောက်မွေးဖွားပြီးလို့ "ရန်" နဲ့ "ရစ်" ဆိုတဲ့ သားအမြွှာလေးနှစ်ယောက်ကတော့ လူပျိုလေးတွေ ဖြစ်လို့နေပါပြီ။ ၁၇ရာစုကို ရောက်ရှိလာပြီး တောနက်ကြီးအလယ် သတိလစ်မေ့မြောနေတဲ့ ဖုတန်ကို ဖောရစ်က ကယ်တင်ပေးရင်း မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ Season (1) မှာ မယ့်ကရာကေ့ဒ် (ကေ့ဒ်စူရန်) ခွန်ဖီးကို ချစ်မိသွားခဲ့သလို ဖုတန်လည်း ဖောရစ်ကို ချစ်မိသွားလေမလား ? လူသားနှစ်ယောက်ဟာ ပေါင်းဖက်ရဖို့ ကံပါလာရင် ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူးဆိုတဲ့ အကြောင်းကို ကြည်နူးဆွတ်ပျံ့ဖွယ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အချစ်ဇာတ်လမ်းတင် မဟုတ်ပဲ Season (1) တုန်းကလို နိုင်ငံရေး အရှုပ်အရှင်းတွေနဲ့ တခြားသော ရသ အစုံအလင်ကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ စွဲလမ်းရဦးမှာ အသေအချာပါပဲ။