Movie Name
Falimy (2023)
Year
2023
Generes
Drama
Code
IND1027
Type
Movie
Size
1.03 GB
Country
Bollywood
Description
Falimy (2023) “မိစားသု” IMDb 7.1/10 မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ “Family”ကို “Falimy”လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။ အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့ သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့…